
ဆော်ပေါ်လို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေပွဲစဉ်တွင် ဆော်ပေါ်လိုအသင်းသည် ဂျိုနသန်ကယ်လာရီ၏ ပွဲပြီးခါနီးသွင်းဂိုးနှစ်ဂိုးကြောင့် အိမ်ကွင်း၌ ရီမိုအသင်းကို ၃-၁ ဂိုးဖြင့် နိုဝင်ဘာ ၂၆ ရက်က အနိုင်ရရှိခဲ့သည်။
ပွဲချိန် ၃၉ မိနစ်တွင် ကယ်လာရီသည် ပြိုင်ဘက်၏ မသေမသပ်ရှင်းထုတ်လိုက်သည့်ဘောလုံးကို ကြားဖြတ်ရယူပြီး ဂိုးဧရိယာအတွင်းဝင်ရောက်ကာ အဝေးထောင့်သို့ မြေလှိမ့်ဘောအပြင်းကန်သွင်းခဲ့ခြင်းဖြင့် အိမ်ရှင် ဆော်ပေါ်လိုအသင်းက ဦးဆောင်ဂိုး ရရှိခဲ့သည်။
ပွဲချိန် ၅၅ မိနစ်တွင်မူ ဧည့်သည်ရီမိုအသင်းအတွက် ဂါဘရီရယ်ပိုဗီဒါက ၅၅ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သည်။ ယာဂိုပီကာချူး၏ ဖြတ်တင်ဘောကို ပြေးဝင်ပြီးခေါင်းတိုက်သွင်းယူလိုက်ရာ ဂိုးသမားရာဖေးလ်အနေဖြင့် ကာကွယ်ရန် အခွင့်အရေးမရရှိခဲ့ပေ။
ပွဲပြီးဆုံးရန် သုံးမိနစ်အလိုတွင် ရိုင်ယန်ဖရန်စစ္စကို၏တစ်ချက်တည်း အပြင်းကန်သွင်းလိုက်သည့် ဘောလုံးသည် ဂိုးသမား မာဆယ်လိုရန်ဂျဲလ်ကိုကျော်၍ ဂိုးဝင်ခဲ့ပြီး ဆော်ပေါ်လိုအသင်းကို ပြန်လည်ဦးဆောင်နိုင်စေခဲ့သည်။
ပွဲချိန် ၉၅ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒါမီယန်ဘိုဘာဒီလာ၏ပေးပို့မှုကို ကယ်လာရီက ဂိုးသမား ရန်ဂျဲလ် အပေါ်မှ ကျော်ကန်သွင်းယူကာ ဆော်ပေါ်လိုအသင်းအတွက် အနိုင်ရလဒ်သေချာစေခဲ့သည်။
ယခုရလဒ်ကြောင့် ဆော်ပေါ်လိုအသင်းသည် အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယားတွင် ရမှတ် ၄၈ မှတ်ဖြင့် အဆင့် ၁၀ နေရာ၌ ရပ်တည်နေပြီး တန်းဆင်းသွားပြီဖြစ်သည့် အဆင့် ၁၉ နေရာမှ ရီမိုအသင်းထက် ၁၆ မှတ် အသာရရှိထားသည်။ (Xinhua)
…………….
(English Version)
Calleri brace fires Sao Paulo past Remo
SAO PAULO, Nov. 26 (Xinhua) -- Jonathan Calleri scored twice as Sao Paulo rallied late to secure a 3-1 home win over Remo in Brazil's Serie A on Thursday.
The hosts opened the scoring in the 39th minute when Calleri intercepted an errant clearance and drove into the box before rifling a low shot into the far corner.
Gabriel Poveda equalized for the visitors in the 55th minute by meeting Yago Pikachu's cross with a diving header that left goalkeeper Rafael with no chance.
Sao Paulo restored its lead three minutes from time through Ryan Francisco, who hammered a first-time effort beyond goalkeeper Marcelo Rangel.
Calleri put the result beyond doubt in the 95th minute, lifting a shot over Rangel after Damian Bobadilla's pass on the counterattack.
The result left Sao Paulo 10th in the 20-team standings with 48 points, 16 ahead of 19th-placed Remo, which has already been relegated.
Photo caption: Pedro (L) of Flamengo vies with Arboleda of Sao Paulo during the 2026 Brazilian Serie A 20th round match between Flamengo and Sao Paulo at the Maracana Stadium in Rio de Janeiro, Brazil, July 26, 2026. (Photo by Daniel Ramalho/Xinhua)