သတိုး
၂၈. ၁၁. ၂၀၂၆
(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဟနွိင်းမြိုရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ၏ လက်ရှိဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန်နှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီး အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်၊ လာအိုဝန်ကြီးချုပ် ဆလုံဆေး ကိုမာဆစ်၊ ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် လေမင်ဟုန်တို တက်ရောက်ခဲ့ကြသည့်အပြင် နိုင်ငံတော်သမ္မတနှင့်အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ACMECS အဖွဲဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။





