
#Local_News
Published 28 November 2026
■ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
■ (၁၁)ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြိုရှိ National Convention Center ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတိုမှ ဝန်ကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲများနှင့် မြန်မာနိုင်ငံမှပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
■ အစည်းအဝေးမစတင်မီ အဖွဲဝင်နိုင်ငံများမှ ခေါင်းဆောင်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတသည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင်လည်း (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက ဆွေးနွေးခဲ့သည်။
#YMG #Yangon_Times #Yangon_Media_Group