
ပေကျင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့၌ New Development Bank ဥက္ကဋ္ဌ Dilma Rousseff ၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Ajay Bang ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala ၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (UNCTAD) ယာယီ အတွင်းရေးမှူးချုပ် Pedro Manuel Moreno ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) လက်ထောက်အကြီးအကဲ Laura Thompson ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အတွင်းရေးမှူးချုပ် Mathias Cormann ၊ Bank for International Settlements အထွေထွေမန်နေဂျာ Pablo Hernandez de Cos ၊ ဘဏ္ဍာရေးတည်ငြိမ်မှု ဘုတ်အဖွဲ့ (FSB) ဥက္ကဋ္ဌ Andrew Bailey နှင့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် ဥက္ကဋ္ဌ ကျိုးကျားရီ စသည့် ကမ္ဘာ့ အဓိက နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် “1+10” တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲ ခေါင်းစဉ်မှာ “ဆန်းသစ်တီထွင်မှုဖြင့် စဉ်ဆက်မပြတ်တိုးတက်မှုကို တွန်းအားပေးကာ တံခါးဖွင့်လှစ်မှုဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း” ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
李强将与全球主要国际经济组织负责人举行“1+10”对话会
新华社北京11月27日电 外交部发言人27日宣布:国务院总理李强将于12月2日上午在福建省厦门市同新开发银行行长罗塞芙、世界银行行长彭安杰、国际货币基金组织总裁格奥尔基耶娃、世界贸易组织总干事伊维拉、联合国贸易和发展会议代理秘书长马雷诺、国际劳工组织助理总干事汤普森、经济合作与发展组织秘书长科尔曼、国际清算银行总经理德科斯、金融稳定理事会主席贝利和亚洲基础设施投资银行行长邹加怡等国际经济组织负责人举行“1+10”对话会。对话会主题为“以创新推动持续增长,以开放促进共同发展”。(完)