
အက်ကာရာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
၂၇ သုတ်မြောက် ဆီယာရာလီယွန်နိုင်ငံ၌ အကူအညီပေးသည့် တရုတ် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ဒေသစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်တွင် အဖွဲ့ဝင် ၈ ဦးကို ဆီယာရာလီယွန်နိုင်ငံ မြို့တော် ဖရီးတောင်း၏ လူဦးရေ ထူထပ်သော ကရူဘေးရပ်ကွက်သို့ သွားရောက်စေကာ “အဖွဲ့တစ်ရာ၊ ကျေးရွာတစ်ထောင် ခရီးစဉ်” အခမဲ့ဆေးကုသရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပြီး လူနာအကြိမ်ရေ ၂၀၀ ခန့်ကို ဆေးကုသပေးခဲ့သည်။
ကရူဘေးသည် ဖရီးတောင်းမြို့တွင် လူဦးရေ အထူထပ်ဆုံး ရပ်ကွက်များအနက် တစ်ခု ဖြစ်ပြီး လူနေမှုသိပ်သည်းခြင်း၊ အခြေခံ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ချို့တဲ့ခြင်း စသည့် စိန်ခေါ်မှုများကို ရေရှည်ရင်ဆိုင်နေရကာ ဒေသခံ နေထိုင်သူများအနေဖြင့် နေ့စဉ် ဆေးကုသရေးဆိုင်ရာ အခက်အခဲများစွာ ရှိနေသည်။ ဆေးဘက်ဆိုင်ရာအဖွဲ့သည် ရပ်ကွက်၏ လိုအပ်ချက်များကို တိကျစွာ ဖြည့်ဆည်းပေးကာ အဖြစ်များသော ရောဂါအမျိုးမျိုး ခံစားနေရသည့် ဒေသခံများအား အခမဲ့ ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ၊ ကုသမှုများနှင့် ဆေးဝါးဖြန့်ဝေပေးခြင်း ဝန်ဆောင်မှုများကို ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များသည် ကျန်းမာရေး အသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ကာ ဒေသခံများ၏ မိမိကိုယ်ကို ကျန်းမာရေး စီမံခန့်ခွဲနိုင်စွမ်း အသိအမြင်နှင့် ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့သည်။
အခမဲ့ဆေးကုသရေးနေရာတွင် စည်းကားလှုပ်ရှားလျက်ရှိပြီး ဆေးကုသမှုခံယူရန်အတွက် ဒေသခံများ ဆက်တိုက်ဆိုသလို ရောက်ရှိလာကြသည်။ ကရူဘေးရပ်ကွက် တာဝန်ရှိသူ အလီမာမီ ကမာရာနှင့် အကူအညီ ရရှိသူ ဒေသခံ အများအပြားသည် အင်တာဗျူးတွင် ဖြေကြားရာတွင် ရပ်ကွက်နေထိုင်သူများသည် “ဆေးခန်းပြရန် ခက်ခဲသော” ပြဿနာကို ရေရှည် ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာအဖွဲ့သည် အခက်အခဲများကို ကျော်လွှားကာ အခြေခံအလွှာအထိ နက်ရှိုင်းစွာ ဝင်ရောက်လာပြီး ၎င်းတို့အတွက် အရေးတကြီး လိုအပ်နေသော ဆေးဘက်ဆိုင်ရာ အကူအညီများကို ယူဆောင်လာပေးသည့်အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)
.......................................
(Chinese Version)
中国医疗队在塞拉利昂开展义诊活动
新华社阿克拉11月27日电(记者高剑飞)弗里敦消息:当地时间26日,第27批中国援塞拉利昂医疗队派出8名队员前往塞拉利昂首都弗里敦人口密集的克鲁湾社区,开展“百队千村行”义诊活动,累计接诊约200人次。
克鲁湾是弗里敦人口最为稠密的社区之一,长期面临居住拥挤、基础医疗资源匮乏等挑战,当地居民日常就医存在诸多困难。医疗队精准对接社区需求,为受各类常见疾病困扰的居民提供了免费医疗问诊、治疗和药品发放服务。同时,医疗队员还开展健康宣教,帮助居民提升自我健康管理意识与防病能力。
活动现场气氛热烈,前来就诊的居民络绎不绝。克鲁湾社区负责人阿利马米·卡马拉及多位受助居民在采访中表示,社区居民长期面临“看病难”的问题,由衷感谢中国医疗队克服困难深入基层,为他们带来急需的医疗援助。(完)
图说:4月12日,第27批中国援塞拉利昂医疗队成员在该国西北省洛科港区罗克尔村为村民问诊。新华社发(第27批中国援塞拉利昂医疗队供图)