Xinhua Myanmar

ရှန်ကျိုး-၂၃ နှင့် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းအတွင်း တာဝန်လွှဲပြောင်းမှု ပြီးမြောက်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ် အာကာသပျံသန်းမှု ထိန်းချုပ်ရေးစင်တာ၏ ပျံသန်းမှုထိန်းချုပ်ခန်းမတွင် အာကာသစခန်းနှင့်ချဉ်းကပ်ချိတ်ဆက်မှု လုပ်ငန်းစဉ်၏ အချိန်နှင့်တစ်ပြေးညီ မြင်ကွင်းကို၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၂၃ နှင့် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးများသည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ပြုလုပ်ခဲ့ပြီး တရုတ် အာကာသစခန်း၏ သော့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

မစ်ရှင်အစီအစဉ်အရ ပါကစ္စတန် အာကာသယာဉ်မှူး မိုဟာမက် ဇီရှန် အလီသည် ရှန်ကျိုး-၂၃ အာကာသယာဉ်ဖြင့် ပြန်လည်ဆင်းသက်မည် ဖြစ်ပြီး အာကာသယာဉ်မှူး ကျူးယန်ကျုသည် ဂြိုဟ်ပတ်လမ်းအတွင်း တစ်နှစ်တာနေထိုင်စမ်းသပ်မှုပြီးမြောက်ရန်အတွက် ပတ်လမ်းအတွင်းနေရစ်ကာ ကွပ်ကဲရေးမှူး ထန်းဟုန်ပေါနှင့် အာကာသယာဉ်မှူး ဝူရိတို့နှင့်အတူ ရှန်ကျိုး-၂၄ လူလိုက်ပါ ပျံသန်းမှုမစ်ရှင်ကို ပူးတွဲထမ်းဆောင်မည် ဖြစ်သည်။

တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ရုံး၏ မိတ်ဆက်ပြောကြားချက်အရ ယခုအချိန်အထိ အာကာသယာဉ်မှူး ကျန်းကျစ်ယွမ်၊ လီကျားရင်နှင့် ဇီရှန်အလီ တို့သည် သတ်မှတ်ထားသော တာဝန်အားလုံးကို ပြီးမြောက်ခဲ့ပြီး အာကာသယာဉ်မှူး ကျန်းကျစ်ယွမ်သည် ရှန်ကျိုး-၂၃ ပြန်လည်ဆင်းသက်မှုမစ်ရှင်၏ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်သည်။ အာကာသယာဉ်မှူး ၃ ဦးသည် မကြာမီရက်များအတွင်း အာကာသယာဉ်ဖြင့် တုန်းဖုန်းမြေပြင်ဆင်းသက်မှုနေရာသို့ ပြန်လည်ဆင်းသက်မည် ဖြစ်ပြီး “ထျန်းကုန်း” အာကာသစခန်းမှ “လျှို့ဝှက်ဆန်းကြယ်သောလက်ဆောင်” ကိုလည်း ယူဆောင်လာမည် ဖြစ်သည်။

လက်ရှိတွင် ဆင်းသက်မှုနေရာနှင့် ပါဝင်စမ်းသပ်ဆောင်ရွက်နေသည့် စနစ်အသီးသီးသည် အာကာသယာဉ်မှူးများကို ကောင်းမွန်စွာ ကြိုဆိုလက်ခံရန် ပြင်ဆင်မှုအားလုံးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

..........................

(Chinese Version)

神舟二十四号|神舟二十三号和神舟二十四号航天员完成在轨交接

新华社酒泉11月28日电(记者李国利、米思源)神舟二十三号和神舟二十四号航天员28日下午进行交接仪式,移交了中国空间站的钥匙。  

根据任务计划安排,巴基斯坦航天员穆罕默德·齐尚·阿里将乘坐神舟二十三号飞船返回,航天员朱杨柱将留轨完成一年期在轨驻留试验,与指令长汤洪波、航天员武毅共同执行神舟二十四号载人飞行任务。  

据中国载人航天工程办公室介绍,截至目前,航天员张志远、黎家盈、齐尚·阿里已完成全部既定任务,航天员张志远将担任神舟二十三号返回任务指令长。3名航天员将于近日搭乘飞船返回东风着陆场,还将带回来自“天宫”的“神秘礼物”。  

目前,着陆场及各参试系统正在紧锣密鼓做好迎接航天员回家的各项准备。(完)

图说:这是11月25日在北京航天飞行控制中心飞控大厅拍摄的交会对接实时画面。新华社记者 金立旺 摄

မူရင်းသတင်း — Xinhua Myanmar