
Pika (NP News) - နိုဝင်ဘာ ၂၈
ရုရှားနိုင်ငံအနေဖြင့် နိုင်ငံခြားနည်းပညာ များအပေါ်မှီခိုအားထားနေရမှုကိုရှောင်ရှားရန်အတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်သော AI နည်းပညာ မော်ဒယ်များကို တီထွင်ဖန်တီးရန်ရည်ရွယ်ထားကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံခြားနည်းပညာများသည် အဝေးမှထိန်းကာ အသုံးပြု၍မရအောင်လုပ်ဆောင်နိုင်သလို ပြင်ပအကျိုး စီးပွားများအတွက် လျှို့ဝှက်အသုံးပြုခံရနိုင်သည့်အန္တရာယ်များလည်းရှိနေကြောင်း သမ္မတပူတင်က ထပ်မံပြောကြား ခဲ့သည်။ မော်စကို မြို့တွင်ကျင်းပခဲ့သော နိုင်ငံတကာ AI Journey (၂၀၂၆) ညီလာခံတွင် ရုရှားနိုင်ငံအနေဖြင့် ကိုယ်ပိုင် အချုပ်အခြာအာဏာပိုင်ဆိုင်သော အခြေခံမော် ဒယ်များကို တီထွင်ဖန်တီးရန်ကတိပြုထားကြောင်း သမ္မတပူတင်က ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
ပူတင်က “ကျွန်တော်တို့အနေနဲ့ အရင် ကကြုံတွေ့ခဲ့ဖူးတဲ့အခြေအနေမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်လာအောင် သတိပြုရပါမယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်စုံတစ်ယောက်က ခလုတ်တစ် ချက်နှိပ်လိုက်ရုံနဲ့ ရှိသမျှအရာတွေ အားလုံး အလုပ် မလုပ်တော့ဘဲ ရပ်တန့်သွားနိုင်သလို ပိုပြီးအန္တရာယ် များတာကတော့ ဆော့ဖ်ဝဲလ်တွေကို တခြားသူတွေ ရဲ့အကျိုးစီးပွားအတွက် လျှို့ဝှက်အသုံးပြုခံရတာ မျိုးပဲဖြစ်ပါတယ်”ဟုပြောဆိုခဲ့သည်။
ထို့ပြင် ယခင်က နိုင်ငံခြားကုမ္ပဏီကြီးများ ရုရှားနိုင်ငံတွင်းမှထွက်ခွာသွားခဲ့ခြင်းကြောင့် ပြည် တွင်းစီးပွားရေး လုပ်ငန်းများ အခက်အခဲနှင့်ရင်ဆိုင် ခဲ့ရပုံကိုလည်း ပူတင်က ထောက်ပြပြောဆိုခဲ့သည်။
(၂၀၂၂)ခုနှစ်တွင် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ် ပွားခဲ့ပြီးနောက် အနောက်အုပ်စုနိုင်ငံများက ရုရှား အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့မှုနှင့် အတူ နည်းပညာကုမ္ပဏီများစွာသည် ရုရှားနှင့် နှစ်ပေါင်း များစွာကြာတည်ဆောက်ထားခဲ့သည့် စီးပွားရေး ဆက်ဆံမှု များကို ဖြတ်တောက်ပစ်ခဲ့ကြသည်။ ၎င်းတို့အထဲတွင် AI ချစ်ပ်ထုတ်လုပ်ရေးထိပ်တန်းကုမ္ပဏီ Nvi dia နှင့် ဂျာမနီဆော့ဖ် ဝဲလ်ကုမ္ပဏီကြီး SAP တို့လည်းပါဝင်ပြီး SAP က ရုရှားနိုင်ငံတွင်း cloud ဝန်ဆောင်မှုများကိုရပ်ဆိုင်းလိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော ဆော့ဖ် ဝဲလ်များကို အသုံးပြုနိုင်ခြင်းမရှိတော့သည့်အခြေ အနေမျိုးလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် ပူတင်က စီးပွားရေးကဏ္ဍအစုံနှင့် နေ့စဉ်ဘဝကဏ္ဍတိုင်းတွင် AI နည်းပညာကို အသုံးပြုကြရန် တိုက်တွန်းခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်နိုင်မှု သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲမှု ကိုရရှိရန်အတွက် အဆင့်မြင့် မော်ဒယ်များကိုတီ ထွင်ရုံဖြင့် မလုံလောက်ကြောင်းလည်း ပူတင်က အလေးပေးပြောကြားခဲ့သည်။ ထိပ်တန်းနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ခေတ်မီ ဆန်းသစ်သောဖြေရှင်းနည်းများကို တီထွင်ရုံသာမ က လူသားများနှင့် ကိုယ်ပိုင်လည်ပတ်နိုင်သောစနစ်များကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ရှိရန်လိုအပ်ကြောင်းလည်း ပူတင် က ပြောကြားခဲ့သည်။