Xinhua Myanmar

“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” ရုပ်သံအစီအစဉ်အား သီရိလင်္ကာနိုင်ငံ ပင်မမီဒီယာ၌ ထုတ်လွှင့်ပြသ

ကိုလံဘို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

China Media Group (CMG) မှ ဘာသာပြန်ဆိုထုတ်လုပ်သော ရုပ်သံအစီအစဉ် “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” (The Heritage Guardian) စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်က သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘို၌ ကျင်းပခဲ့သည်။ ထိုနေ့မှစ၍ “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” ရုပ်သံအစီအစဉ် (အင်္ဂလိပ်၊ သီဟိုဠ်၊ တမီးလ် ဘာသာစကား) တို့ကို Sri Lanka Rupavahini Corporation (SLRC) စသည့် ပင်မမီဒီယာများ၌ ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” အစီအစဉ်သည် သမ္မတ ရှီကျင့်ဖိန်က ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးနှင့် အသုံးချမှု၊ ယဉ်ကျေးမှု အမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းရေးတို့ကို အလွန်အလေးထားပြီး ကိုယ်တိုင် တွန်းအားပေးစီမံဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များကို တင်ဆက်ထားကာ သမ္မတ ရှီကျင့်ဖိန်၏ နက်ရှိုင်းသော ယဉ်ကျေးမှုစိတ်ခံစားချက်နှင့် တရုတ်ယဉ်ကျေးမှု အသက်သွေးကြောကို ရှေ့ဆက်စေရန်၊ ယဉ်ကျေးမှု ကိုယ်ပိုင်ယုံကြည်မှုကို ခိုင်မာစေမှုအတွက် အလေးအနက် တွေးခေါ်မှုများကို ဖော်ပြထားကြောင်း သိရသည်။

သီရိလင်္ကာ ဝန်ကြီးချုပ် Harini Amarasuriya က “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” အစီအစဉ်သည် သီရိလင်္ကာပြည်သူများအနေဖြင့် သမ္မတ ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ခံယူချက်များကို နက်နက်ရှိုင်းရှိုင်း နားလည်စေရန် အထောက်အကူပြုကြောင်း၊ နိုင်ငံများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားသည့် တစ်ချိန်တည်းတွင် ခေတ်မီအသွင်ပြောင်းမှုအား  မည်သို့ တွန်းအားပေးဖော်ဆောင်နိုင်မည်နည်းအတွက် အရေးကြီးသော ဉာဏ်လမ်းစများ ပေးစွမ်းနိုင်ကြောင်း  ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် China Media Group (CMG) နှင့် Sri Lanka Rupavahini Corporation (SLRC) တို့မှ ပူးတွဲကျင်းပသော “မိုင်ထောင်ချီပိုးလမ်းသံယောဇဉ် အတူတကွရွက်လွှင့်မှု” ခေါင်းစဉ်ဖြင့် တရုတ်–သီရိလင်္ကာ ပြည်သူအချင်းချင်းဖလှယ်မှု အခမ်းအနားကို ကိုလံဘိုမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

《习近平的文化情缘》在斯里兰卡主流媒体播出

新华社科伦坡11月27日电(记者车宏亮)由中国中央广播电视总台制作的专题片《习近平的文化情缘》启播活动27日在斯里兰卡科伦坡举行。即日起,《习近平的文化情缘》(英语版、僧伽罗语版、泰米尔语版)在斯里兰卡国家电视台等主流媒体播出。  

《习近平的文化情缘》讲述习近平主席高度重视、亲自擘画推动文物保护利用和文化遗产保护传承的故事,展现习近平主席的深厚文化情怀和对赓续中华文脉、坚定文化自信的深邃思考。  

斯里兰卡总理阿马拉苏里亚表示,《习近平的文化情缘》有助于斯里兰卡人民深入了解习近平主席关于文化与文明的主张,为各国如何在坚守文化传统的同时推进现代化,提供了重要启迪。  

同日,中国中央广播电视总台与斯里兰卡国家电视台联合主办的以“千里丝路情 万里共扬帆”为主题的中斯人文交流活动在科伦坡举行。(完)

မူရင်းသတင်း — Xinhua Myanmar