
ဂျီနီဗာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဂါဇာဒေသတွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ဝန်ထမ်းများ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုအပေါ် စိုးရိမ်ကြောင်း၊ ဂါဇာဒေသရှိ ဆေးကုသရေး အဆောက်အအုံများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူသားချင်း စာနာထောက်ထားမှု ဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် “စက်ဆုပ်ဖွယ်ကောင်းပြီး လက်ခံနိုင်စရာ မရှိ” ဟု ရှုတ်ချကြောင်း နိုဝင်ဘာ ၂၇ ရက်၌ လူမှုမီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။
“မိမိအသက်နဲ့ရင်းပြီး သူတစ်ပါးကိုကယ်တင်နေတဲ့လူတွေကို တိုက်ခိုက်မယ့်အစား ကာကွယ်ပေးရမယ်။ ဒီလို တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ရမယ်” ဟုလည်း Tedros Adhanom Ghebreyesus က ပို့စ်တွင် ရေးသားခဲ့သည်။
တစ်ချိန်တည်းတွင် ၎င်းက MSF အဖွဲ့မှ သေဆုံးသွားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်အားပေးစကားဆိုကြောင်းလည်း ပြောကြားခဲ့သည်။
MSF အဖွဲ့၏ ဂါဇာဒေသရှိ ဆေးခန်းတစ်ခုကို အစ္စရေးက ထိုညတွင် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့သည်ဟု MSF အဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။ တိုက်ခိုက်ခံခဲ့ရသော ဆေးခန်းတွင် MSF ၏ အမှတ်တံဆိပ်ကို ထင်ရှားစွာ တပ်ဆင်ထားကြောင်း၊ အဆိုပါဆေးခန်းတည်နေရာကို အစ္စရေးစစ်တပ်ထံသို့ ကြိုတင်အကြောင်းကြားထားပြီးဖြစ်သလို အစ္စရေးစစ်တပ်ဘက်ကလည်း သိရှိပြီးသား ဖြစ်ကြောင်း၊ MSF အဖွဲ့အနေဖြင့် သက်ဆိုင်ရာ အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုကြောင်းလည်း MSF အဖွဲ့က ဆိုခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
世卫总干事:医护工作者等在加沙遇袭“令人愤慨”
新华社日内瓦11月28日电 世界卫生组织总干事谭德塞27日通过社交媒体发文,对无国界医生组织人员在加沙遇袭身亡表达关切,谴责针对加沙医疗设施、医护工作者和人道主义工作人员的袭击“令人愤慨、不可接受”。
谭德塞在帖文中写道:“那些冒着生命危险拯救他人的人必须受到保护,而不是遭到袭击。这些袭击必须停止。”
他同时向无国界医生组织遇难人员及其亲属表示哀悼和慰问。
无国界医生组织27日在社交媒体发文说,以色列当晚袭击该组织在加沙的一家诊所,造成两名安保人员身亡。该组织表示,遇袭诊所明确标有无国界医生标志,位置已告知以色列军方且为以军方所知。无国界医生组织呼吁追究相关责任。(完)
图说:这是10月28日在加沙城中心拍摄的一处流离失所者营地。新华社发(里泽克·阿卜杜勒贾瓦德摄)