Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

-ဆားဘီးယား ကျောင်းသားဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သမ္မတလောင်းအမည်စာရင်းတင်သွင်း

-ပင်လယ်နက်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းက အဆိုပြု၊ ရုရှား၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဟုဆို

-နယူးဇီလန်ရွေးကောက်ပွဲက မည်သည့်ပါတီအုပ်စုမျှ အများစုအနိုင်မရရှိဘဲ လွှတ်တော်တွင် အင်အားချိန်ခွင်လျှာ မျှခြေညီသည့် အခြေအနေဖြစ်ပေါ်

-ကူဝိတ်နိုင်ငံတွင် လူသေဆုံးစေခဲ့သော ဒရုန်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အီရန်သံအမတ်ကို ဆင့်ခေါ်

-ယီမင်နိုင်ငံ Taiz ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအများစုအပါအဝင် လူ ၁၁ ဦး သေဆုံး

-ဟော်မုဇ်ရေလက်ကြားတွင် “စည်းကမ်းဖောက်ဖျက်သည့်” ရေနံတင်သင်္ဘော ရေမြှုပ်မိုင်းများနှင့် တိုက်မိပြီး ပေါက်ကွဲခဲ့ဟု အီရန် IRGC ပြောကြား

-ဂါဇာကမ်းမြောင်ဒေသတွင် ယခင်သီတင်းပတ်အတွင်း စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား

-ဂါဇာတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှ ဟားမက်စ်ခေါင်းဆောင်၏ သားဖြစ်သူ အသက်ရှင်လွတ်မြောက်

မူရင်းသတင်း — Xinhua Myanmar