Yangon Media Group

တရုတ်နိုင်ငံထုတ် အကြီးစားဂျက်လေယာဉ်သစ် C919 ပထမဆုံးသော ခရီသည်တင်ခရီးစဉ် အောင်မြင်စွာပျံသန်း

Published 28 May 2023

တရုတ်ပြည်တွင်းထုတ် အကြီးစား ခရီးသည်တင်လေယာဉ်အသစ် C919 ဟာ ယနေ့ မေ ၂၈ ရက် တနင်္ဂနွေနေ့က ပထမဆုံး သော ခရီးသည်တင်လေယာဉ်ခရီးစဉ်တစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းက ပြေးဆွဲတဲ့ အဆိုပါ MU9191 ခရီးစဉ်လေယာဉ်အသစ်ကြီးဟာ ဘေဂျင်းမြို့တော် လေဆိပ်ကို ဆိုက်ရောက်လာရာမှာ ရေစင်များဖြန်းပက်ကြိုဆိုခဲ့ကြပါတယ်။

ယင်းလေယာဉ်ဟာ ရှန်ဟိုင်း ဟုံးချောင်း နိုင်ငံတကာလေဆိပ်ကနေ တနင်္ဂနွေနေ့မနက် ၁၀နာရီ ၃၂မိနစ်မှာထွက်ခွာခဲ့ပြီး နှစ်နာရီအကြာမှာ ဘေဂျင်းကိုဆိုက်ရောက်ခဲ့ပါတယ်။

ယခုလေယာဉ်ရဲ့မှတ်ပုံတင်အမှတ်ဟာ B-919A ဖြစ်ပြီး ကမ္ဘာပေါ်ပထမဆုံးရောင်းချတဲ့ C919 ဂျက်လေယာဉ်ဖြစ်ပါတယ်။

Source CCTV+

✅Telegram>>>

#C919

#တရုတ်ထုတ်ဂျက်လေယာဉ်အသစ်C919

#တရုတ်လေကြောင်းနည်းပညာ

#YangonMediaGroup

မူရင်းသတင်း — Yangon Media Group