Yangon Media Group

ဂျိမ်းစ်ဘွန်းကားထဲက ရေငုပ်သင်္ဘောကား ဒီဇိုင်းကို တုထားသည့် တက်ဆ်လာ၏ ဆိုက်ဘာထရပ် Cybertruck လျှပ်စစ်ကား စတင်ရောင်းချ

၁ ဒီဇင်ဘာ ၂၀၂၃

ကာလရှည်ကြာ နှောင့်နှေးနေခဲ့တဲ့ တက်စ်လာရဲ့ ဆိုင်ဘာထရပ် Cybertruck လျှပ်စစ်ကားကို တက္ကဆပ်ပြည်နယ် ဩစတင်မှာ ကြာသပတေးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီကားဟာ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၆၀,၉၉၀ကနေ ၉၉,၉၉၀ ကြားရှိမယ်လို့ တက်စ်လာပိုင်ရှင် အီလွန်မတ်စ်ကပြောပါတယ်။ အဲဒီဈေးနှုန်းဟာ ၂၀၁၉တုန်းက သူပြောဖူးထက်ဈေးထက်များနေပါတယ်။

ဆိုက်ဘာထရပ်ကို တောက်ပြောင်တဲ့ သံမဏိနှင့်တည်ဆောက်ထားပါတယ်။ မှန်တွေက သံချပ်ကာကားမှန်က အမြန်နှုန်း တစ်နာရီ မိုင်၇၀နှင့်လာတဲ့ ဘေ့စ်ဘောတစ်လုံးကို ခံနိုင်ရည်ရှိပြီး ကလပ်စ်ဖိုးအသံလုံမှန်က ကားအတွင်းခန်းထဲမှာ အာကာသထဲရောက်နေရသလို တိတ်ဆိတ်အေးချမ်းစေမယ်လို့ တက်စ်လာက ဆိုထားပါတယ်။ကားရဲ့ ပုံစံက ၁၉၇၇ခုနှစ် ဂျိမ်းစ်ဘွန်းရုပ်ရှင် "The Spy Who Loved Me” ဇာတ်ကားထဲက ကားကနေ ရေငုပ်သင်္ဘောဖြစ်သွားတဲ့ ဒီဇိုင်းကို ခံစားပုံစံထုတ်ထားတာဖြစ်တယ်လို့ မတ်စ်က ဆက်ပြောပါတယ်။

အသုံးပြုတဲ့ သတ္တုအမျိုးအစားနှင့် သမားရိုးကျမဟုတ်ဘဲ ရှေ့ပြေးလှတဲ့ စတိုင်တွေကြောင့် ပိုရှုပ်ထွေးပြီး ထုတ်လုပ်မှုစရိတ်တွေ ပိုတက်လာ တာဖြစ်ပါတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

ဒါပေမယ့် မတ်စ်ကတော့ သူ့ရဲ့ ဆိုက်ဘာထရပ်ကားဟာထရပ်ကားတစ်စီးထက်ပိုတယ်။ ပြိုင်ကားတစ်စီးထက်ပိုမြန်တယ်” လို့ ပြောဆိုပါတယ်။

ဆိုက်ဘာထရပ်ဟာ အားတစ်ကြိမ်အပြည့်သွင်းပြီးရင် မိုင်၃၄၀ခန့် မောင်းနှင့်နိုင်ပါတယ်။ ဘက်ထရီအပိုထပ်တပ်ရင် မိုင်၄၇၀ အထိမောင်းနှင်နိုင်အောင်လုပ်ထားပါတယ်။ ၂၀၁၉တုန်းကတော့ အီလွန်မတ်စ်ကဒီကားကို မိုင်၅၀၀အထိမောင်းနိုင်မယ်ပြောထားတာပါ။

ဆိုက်ဘာထရပ်ဟာ လေးနှစ်နီးပါးအတွင်း တက်ဆ်လာရဲ့ ပထမဆုံးထွက်ပေါ်လာတဲ့ မိုဒယ်အသစ်ဖြစ်ပါတယ်။

 Source Reuters/Tesla website

မူရင်းသတင်း — Yangon Media Group