Yangon Media Group

အရေးကြုံလာလျှင် အန္တရာယ်ကင်းကင်း တုန့်ပြန်နိုင်စွမ်း စစ်ဆေးရန် တရုတ်နိုင်ငံတွင် စမတ်ကားများကို စမ်းသပ်မောင်းနှင်

၂၈ ဇန်နဝါရီ ၂၀၂၄

ကြမ်းတမ်းတဲ့အခြေအနေမှာ စမတ်ကားတွေကိုမောင်းနှင်ရတဲ့အခါ အဆုံးစွန်ဆုံး ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ   ဆိုတာ စစ်ဆေးကြည့်ဖို့ တရုတ်နိုင်ငံ မော်တော်ယာဉ်အင်ဂျင်နီယာသုတေသနအဖွဲ့အစည်း CAERI ဟာ စမ်းသပ်မောင်းနှင်မှု တွေ ဆက်တိုက် ဆောင်ရွက်နေပါတယ်။

အဆိုပါ CAERI အဖွဲ့ရဲ့ စူပါအေအိုင်လို့ခေါ်တဲ့ မဟာဉာဏ်ရည်တု စမ်းသပ်မှုဟာ ရှုပ်ထွေးနေတဲ့ ယာဉ်ကြောအခြေအနေတွေကို အခြေခံပါတယ်။ အလိုအလျောက်မောင်းနှင်နည်းပညာ၊ ဉာဏ်ရည်ရှိ cockpit နည်းပညာနှင့် ယာဉ်အင်တာနက်တို့ကို အဓိကအာရုံစိုက် လုပ်ဆောင်တာဖြစ်ပါတယ်။

Source CCTV+

မူရင်းသတင်း — Yangon Media Group