Yangon Media Group

BYD လျှပ်စစ်ကား အရှေ့အလယ်ပိုင်း ဈေးကွက်ထပ်ချဲ့

ဖေဖော်ဝါရီ ၂၀၂၄

တရုတ်နိုင်ငံရဲ့ ရောင်းအကောင်းဆုံးလျှပ်စစ်ကား BYD ဟာ အရှေ့အလယ်ပိုင်းမှာ ဈေးကွက်ချဲ့ထွင်ဖို့ စီစဉ်နေပါတယ်။ BYD ဟာ ၂၀၂၃ ပထမသုံးလတ်ပတ်မှာ ကမ္ဘာ့ရောင်းအကောင်းဆုံးလျှပ်စစ်ကားအဖြစ် Tesla ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

“လူတွေဟာ ပစ္စည်းအသစ် နည်းပညာအသစ်ကို လိုလိုလားလားလက်ခံလာပြီ။ သူတို့ဟာကားတွေကိုလည်း ဒီအတိုင်း စမ်းသုံးလာကြတယ်” လို့ BYD ရဲ့ အရှေ့အလယ်ပိုင်းနှင့်အာဖရိက ဆိုင်ရာ အထွေထွေမန်နေဂျာ အက်ဒ်ဟွမ်ကပြောပါတယ်။
Source CCTV+

မူရင်းသတင်း — Yangon Media Group