Eleven Media Group

ဘွန်ဒစ်လီဂါ ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

Photo: AP

■ အူန်ယွန်းဘာလင် နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ည ၈းဝ၀)

အူန်ယွန်းဘာလင်အသင်း နောက်ဆုံး(၅)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာကို သတိပြုသင့်တယ်။ လေဗာကူဆင်အသင်းအဖို့ ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် သေချာသလောက်ဖြစ်နေပေမဲ့ ရာသီလက်ကျန်ပွဲတွေက စံချိန်မှတ်တမ်းတွေအတွက် အဆုံးအဖြတ်ပေးမယ့် ကာလကို ရောက်နေတယ်။ အဝေးကွင်းမှာ လေဗာကူဆင် နိုင်ပွဲဆက်ဦးမယ်ထင်တယ်။

■ ယခုရာသီအတွင်း ရှုံးပွဲလုံးဝမရှိသေးသည့် လေဗာကူဆင်အသင်းသည် နောက်ဆုံးကစားထားသော ဘွန်ဒစ်လီဂါ(၈)ပွဲတွင် အနည်းဆုံး(၂)ဂိုးစီ သွင်းယူထားသည်။

■ ဖရိုင်းဘတ် နှင့် လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ည ၈းဝ၀)

ဖရိုင်းဘတ်အသင်း အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ စတုဂတ်၊ ဖရန့်ဖတ်၊ ဘိုင်ယန်၊ လေဗာကူဆင်အသင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရတာပါ။ လိုက်ပ်ဇစ် ဂိုးပြတ်နိုင်ဖို့ မလွယ်လို့ အိမ်ရှင်နဲ့စွန့်စားတာ ပိုကောင်းမယ်။

■ မိန့်ဇ် နှင့် ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် ည ၈းဝ၀)

ဒမ်းစတက်ဒ်အသင်း ပြီးခဲ့တဲ့အောက်တိုဘာလနောက်ပိုင်းကတည်းက နိုင်ပွဲပျောက်နေတာပါ။ ဒါပေမဲ့ ဒမ်းစတက်ဒ် ဂိုးပြတ်မရှုံးအောင်တော့ ကစားနိုင်စွမ်းရှိမယ်ထင်တယ်။

■ ကိုလုံး နှင့် ဘိုဟုမ် (မြန်မာစံတော်ချိန် ည ၈းဝ၀)

ကိုလုံးအသင်း အိမ်ကွင်းနောက်ဆုံး(၉)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ဘိုဟုမ်က ရလဒ်ကျနေပေမဲ့ သရေမျှော်လင့်လို့ တော့ရတယ်။

■ ဟိုင်းဟိုင် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ည ၈းဝ၀)

ဘိုင်ယန်နည်းပြ တူဟယ်လ်က ချန်ပီယံဆုကို လက်လျှော့လိုက်ပြီ။ ဒီပွဲပြီးရင်လည်း အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဦးမယ်။ အဝေးကွင်းမှာ ဘိုင်ယန် ဂိုးပြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။

■ ဒေါ့မွန် နှင့် စတုဂတ် (မြန်မာစံတော်ချိန် ည ၁၁းဝ၀)

ဒေါ့မွန်အသင်းက ဘိုင်ယန်ကို မြူးနစ်ကွင်းမှာ အနိုင်ကစားတဲ့အထိ ခြေတက်နေပြီး အသင်းပွဲထွက်လူစာရင်းကလည်း တဖြည်းဖြည်းအထိုင်ကျလာတယ်။ ကွင်းလယ်မှာ ဆာဘစ်ဇာ ပြန်ပါလာမှာဖြစ်လို့ ၄-၂-၃-၁ အထိုင်နဲ့ ပြန်ပွဲထွက်လာဖို့ရှိပြီး တောင်ပံနှစ်ဖက်မှာ ဆန်ချိုနဲ့ နောက်ပိုင်းဂိုးတွေသွင်းနေတဲ့ အာဒီယဲမီတို့ကိုပဲ အသုံးပြုဖို့များတယ်။ ဒီပွဲပြီးရင် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိပေမဲ့ ဒေါ့မွန်အတွက် အခုပွဲက လာမယ့်ရာသီ ချန်ပီယံလိဂ်ပွဲဝင်ခွင့်အတွက် အဆုံးအဖြတ် အတော်ပေးနိုင်တာ ထည့်တွက်ရမယ်။ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။

■ ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါနောက်ဆုံး(၅)ပွဲတွင် အနည်းဆုံး(၂)ဂိုးစီ သွင်းယူခဲ့ပြီး စတုဂတ်အသင်းမှာ (၉)ပွဲအနက် (၈)ပွဲတွင် အနည်းဆုံး (၂)ဂိုးစီ သွင်းခဲ့သည်။

မူရင်းသတင်း — Eleven Media Group