Eleven Media Group

■ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ ဘီလ်ဘာအို နှင့် မာယော့ကာ (မြန်မာစံတော်ချိန် နံနက် ၂း၃၀)
သမိုင်းတစ်လျှောက် ဘုရင့်ဖလား ဗိုလ်လုပွဲတွေမှာ ဒီနှစ်သင်း ပထမဆုံးအကြိမ် ဆုံတွေ့တာပါ။ ဗိုလ်လုပွဲလမ်းကြောင်းမှာ ဘာစီလိုနာ၊ အက်သလက်တီကိုအသင်းတွေကို ကျော်ဖြတ်ခဲ့ပြီးဖြစ်တဲ့ ဘီလ်ဘာအိုအသင်းက ချန်ပီယံဆုအတွက် အစမ်းသပ်ခံပြီးဖြစ်တယ်။ မာယော့ကာကတော့ ဘီလ်ဘာအိုနဲ့ယှဉ်ရင်တော့ ပွဲစဉ်ပိုချောင်ခဲ့တယ်လို့ ပြောရမယ်။ ဘီလ်ဘာအိုအသင်းပဲ ဗိုလ်စွဲဖို့များတယ်။

■ ဘီလ်ဘာအိုအသင်းသည် နောက်ဆုံး(၅)ရာသီဆက်တိုက် အနည်းဆုံး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့ပြီး (၃)ရာသီမှာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

Road to Final

ဘီလ်ဘာအို

ပထမအဆင့် ရူဘီ ၁-၂ ဘီလ်ဘာအို
ဒုတိယအဆင့် ကာယွန် ၀-၃ ဘီလ်ဘာအို
၃၂ သင်းအဆင့် အီဘာ ၀-၃ ဘီလ်ဘာအို
၁၆ သင်းအဆင့် ဘီလ်ဘာအို ၂-၀ အလာဗတ်စ်
ကွာတား ဘီလ်ဘာအို ၄-၂ ဘာစီလိုနာ
ဆီမီး(ပ) အက်သလက်တီကို ၀-၁ ဘီလ်ဘာအို
ဆီမီး(ဒု) ဘီလ်ဘာအို ၃-၀ အက်သလက်တီကို

မာယော့ကာ

ပထမအဆင် ဘွိုင်ရို ၀-၄ မာယော့ကာ
ဒုတိယအဆင့် ဗယ်ယီဒယ်ဂေ ၀-၃ မာယော့ကာ
၃၂ သင်းအဆင့် ဘူဟို့စ် ၀-၃ မာယော့ကာ
၁၆ သင်းအဆင့် တယ်နာရီဖယ် ၀-၁ မာယော့ကာ
ကွာတား မာယော့ကာ ၃-၂ ဂျီရိုနာ
ဆီမီး(ပ) မာယော့ကာ ၀-၀ ဆိုစီဒက်
ဆီမီး(ဒု) ဆိုစီဒက် ၁(၄) - ၁(၅) မာယော့ကာ

မူရင်းသတင်း — Eleven Media Group