Sports Myanmar

ကိုးလ်ပါလ်မာဟာ ဘာကြောင့် ဆုံးဖြတ်ချက် အမှားတွေ လုပ်နေဆဲ ဆိုတာ ရှင်းပြလာတဲ့ ဖရန့် လီဘို့ဖ်

 

အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ကိုးလ်ပါလ်မာဟာ တမြန်နေ့ညက ကစားသွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အတွက် သာမက သူ့ရဲ့ စီနီယာ ကစားသမား ဘဝ ပထမဆုံး ဟက်ထရစ်ကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ပြီးရင် ပါလ်မာဟာ ဒုတိယ ဂိုးသွင်း အများဆုံး နေရာကို ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ် ၊ ဘုန်းမောက် တိုက်စစ်မှူး ဒိုမီနစ် ဆိုလန်ကီ ၊ လီဗာပူး တောင်ပံကစားသမား မိုဟာမက် ဆာလာတို့နဲ့ အတူတူ ပူးတွဲ ရယူထားပါတယ် ။

သို့ပေမယ့် ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ပါလ်မာဟာ ချဲလ်ဆီးရဲ့ လက်ရှိ အကောင်းဆုံး ကစားသမား ဖြစ်ပေမယ့် ၊ တခါတရံ ဆုံးဖြတ်ချက် အမှားတွေ ချနေဆဲ ဆိုတာ ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ရှင်းလင်းလာပါတယ် ။

လီဘို့ဖ် က ” ကျွန်တော် ဒီ၂သင်း အတွက် စိုးရိမ်မိပါတယ် ။ ဘောလုံးမှာ ကျွန်တော်တို့ဟာ ဦးဆောင်မှု ရနေတာကို အခွင့်ကောင်းယူရပါတယ် ။ ဒါက ပွဲတပွဲမှာ အထူး အရေးကြီးပါတယ် ။ ဘောလုံးမှာ ခင်ဗျားဟာ ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေကို ရင်ဆိုင်ရပါတယ် ။ ဒီတော့ ဒါက ဦးဆောင်မှုနဲ့ အန္တရာယ်ကို ကြိုမြင်ဖို့ အကြောင်းနဲ့ သက်ဆိုင်ပါတယ် ။ ”

” ဒီ၂သင်းဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြပါတယ် ။ ဥပမာပြောရရင် ပါလ်မာဆို ၃ဂိုး သွင်းခဲ့ပြီး ၊ ကျွန်တော့အတွက် သူဟာ အကောင်းဆုံး ချဲလ်ဆီး ကစားသမား ဖြစ်သည့်တိုင် ၊ သူဟာ တခါတလေ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ တနည်းမဟုတ် တနည်းနဲ့ အသင်းကို ကယ်တင်ပေးရမယ် ဆိုတာ သိထားလို့ပါ ။ ”

” သူဟာ ဒီအဆင့်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေရော ၊ တခြားသော ဆုံးဖြတ်ချက်တွေပါ အများကြီး ကိုယ်တိုင် ချရတဲ့ တဦးတည်းသော ကစားသမားပါ ။ တခါတလေ သူ ဂိုးပေါက်ထဲ တခါတည်း ကန်သွင်းဖို့ ကြိုးစားတတ်ပါတယ် ။ ဘာလို့လဲဆိုတော့ တခြား အသင်းဖော် တယောက်ကို ဘောလုံး ပေးလိုက်ရင် သူ ဂိုးသွင်းနိုင်မှာ မဟုတ်လို့ပါ ။ ”

” ဒီနေရာမှာ ခင်ဗျား တိုးတက်အောင် လုပ်ဆောင်ရပါမယ် ။ သူ ဒီလို ဆုံးဖြတ်ချက်တွေ ချနေတာက ငြင်းခုံစရာ ရှိနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ သူ့ကို ဒီရာသီ တောက်လျှောက် ကယ်တင်မှုတွေ လုပ်ပေးနေတဲ့ ပါလ်မာ အပေါ် အခုလိုပဲ ချီးကျူးသွားပါတယ် ။

ပိုချက်တီနို က ” သူ့ရဲ့ အကောင်းဆုံး စကေး တခုက စိတ်ဓာတ်ခံယူချက်ပါပဲ ။ ဖိအားဒဏ်ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာပါ ။ သူ့အသက်က ငယ်ပါတယ် ။ ပထမဆုံး ရာသီမှာတောင် သူဟာ ခြေစွမ်းကောင်း တသမတ်တည်း ထိန်းကစားပြနေတာပါ ။ ဒီလောက်ထိ ဖိအားဒဏ်ကို သူ ကိုင်တွယ်နေတာက တကယ် အံ့သြဖွယ်ပါပဲ ။ ”

” သူဟာ အရမ်းတော်တဲ့ ကစားသမား တယောက် ဖြစ်နိုင်ပါတယ် ။ ဒီနေ့မှာ သူ ဟက်ထရစ် သွင်းလို့ ကျွန်တော်တို့ သူ့အကြောင်း ပြောနေကြတာ ဖြစ်ပေမယ့် ၊ သူဟာ ထိပ်တန်း တယောက် မဟုတ်ဘူးလို့ ပြောရမှာက မဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် သူဟာ ဒီထက် ပိုတိုးတက်အောင် လုပ်ဆောင်နိုင်ဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar