
မန်စီးတီးအသင်းသည် စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို ကစားသမားဘဝမှ အနားယူချိန်အထိ ထိန်းသိမ်းထားရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော ရိုဒရီ(၂၇ နှစ်) သည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
ရိုဒရီသည် လက်ရှိအချိန်တွင် တစ်ပတ်လစာပေါင် (၁၈၀၀၀၀)ရရှိနေသူဖြစ်ပြီး မန်စီးတီးအသင်းက တစ်ပတ်ပေါင်(၃၀၀၀၀၀)အထိ တိုးမြှင့်ပေး၍ သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရိုဒရီအနေဖြင့် မန်စီးတီးအသင်းနှင့် အဆိုပါစာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်၏ လစာအများဆုံးကစားသမား(၁၀)ဦးစာရင်းတွင် ပါဝင်လာမည်ဟု သိရသည်။