Eleven Media Group

သောမတ်စ်တူဟယ်လ်ကို ရာထူးမှ ထုတ်ပယ်ရန် လိုသာမားသီးယပ်စ် တောင်းဆို

Photo: bayerncentre

ဘိုင်ယန်မြူးနစ်အသင်း၏ ကစားသမားဟောင်း လိုသာမားသီးယပ်စ်က လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်ကို အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
တူဟယ်လ်သည် ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲမည်ဟု အတည်ပြုထားပြီးဖြစ်သော်လည်း ယခုတစ်ပတ် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဟိုင်းဟိုင်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် လိုသာမားသီးယပ်စ်က ထုတ်ပယ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ရာသီကုန်ချိန်အထိ မစောင့်ဘဲ နည်းပြအပြောင်းအလဲ လုပ်သင့်ပြီဟု ကစားသမားဟောင်း ဟာမန်းကလည်း အကြံပြုခဲ့ဖူးသည်။

မူရင်းသတင်း — Eleven Media Group