Eleven Media Group

စပါးယူ-၁၈ နည်းပြ ဂျာမိန်းဒီဖိုး ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေ

Photo: Mirror

အင်္ဂလန်တိုက်စစ်မှူးဟောင်းဖြစ်ပြီး လက်ရှိအချိန်၌ စပါးယူ-၁၈ အသင်းကို ကိုင်တွယ်နေသည့် ဂျာမိန်းဒီဖိုးသည် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဒီဖိုး(၄၁ နှစ်)သည် ဆန်းဒါးလန်းအသင်းတွင် ကစားသမားဘဝကို အဆုံးသတ်ခဲ့သူဖြစ်ပြီး အသင်းဟောင်း စပါးအသင်း၏အကယ်ဒမီနည်းပြအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။
လိဂ်ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းအသင်းသည် လက်ရှိအချိန်၌ ယာယီနည်းပြ မိုက်ဒေါ့စ်နှင့် ဖြတ်သန်းနေပြီး လာမည့်နွေရာသီတွင် နည်းပြသစ်ခန့်အပ်မည်ဖြစ်သည်။
ထို့ကြောင့် ဒီဖိုးက စပါးအသင်းကို စွန့်ခွာ၍ ဆန်းဒါးလန်းအသင်း၏ နည်းပြအဖြစ် ပြောင်းလဲဆောင်ရွက်သွားရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group