Eleven Media Group

■ ချယ်လ်ဆီးအသင်းကို ရေရှည်တည်ဆောက်နေပြီး ပြီးပြည့်စုံမှုမရှိသေးကြောင်း နည်းပြ ပိုချက်တီနို ကာကွယ်

Photo: AFP

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ရှက်ဖီးယူနိုက်တက်အား နှစ်ဂိုးစီသရေကျသည့်ပွဲအပြီးတွင် အသင်းကို ရေရှည်စီမံကိန်းဖြင့် တည်ဆောက်နေပြီး ပြီးပြည့်စုံမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် နှစ်ကြိမ်တိုင် ဦးဆောင်ခဲ့သော်လည်း နောက်ကျချေပဂိုး ပြန်ပေးရကာ သရေကျခဲ့ခြင်းဖြစ်သည်။

''အသက် ၅၂ နှစ်အရွယ်မှာ အသင်းအခြေအနေက ပြိုင်ပွဲတိုင်းအတွက် အသင့်ရှိ၊ မရှိကို လျင်မြန်စွာ ခွဲခြားနိုင်ရပါမယ်။ ဒီကစားသမားအုပ်စုက သုံးရက်တိုင်းတစ်ပွဲကစားဖို့လောက်တဲ့အထိ ပြီးပြည့်စုံမှုမရှိသေးဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒီအသင်းက အသင်းသစ်တစ်သင်းပါ။ သူတို့အကြောင်းကို ကျွန်တော်တို့ လေ့လာသင်ယူနေရဆဲပါပဲ။ လုပ်ငန်းစဉ်တွေက အမြဲတမ်းအချိန်ယူရပါမယ်။ မှော်ဆန်ဆန် လုပ်လို့မရပါဘူး။ ဒါက စီမံကိန်းတစ်ခုပါ။ အသင်းတစ်သင်းကို သုံးနှစ် ဒါမှမဟုတ် ငါးနှစ် လုပ်ငန်း စဉ်ရှိပါတယ်။ ကျွန်တော်တို့ဟာ FAဖလား ဆီမီးဖိုင်နယ် ရောက်နေပါတယ်။ ရာသီအစမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အနေအထား မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဟာက သာမန်ပါပဲ။ အခုတော့ ဒါကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကြိုးစားရမယ်။ ပြဿနာတွေကို ဖြေရှင်းရမယ်''ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

ရုပ်သံဝေဖန်သူနှင့် လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူ ဂျေမီရက်နက်ပ်က ချယ်လ်ဆီးအနေဖြင့် လူငယ်ကစားသမား ကိုးလ်ပါလ်မာသာ မရှိလျှင် တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲရသည့် အနေအထားသို့ ရောက်သွားနိုင်သည်ဟု ဝေဖန်သုံးသပ်သွားခဲ့သည်။

ကိုးလ်ပါလ်မာသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၁၆ ဂိုးသွင်းကာ ၉ ဂိုး ဖန်တီးပေးထားခဲ့သည်။

မူရင်းသတင်း — Eleven Media Group