Eleven Media Group

■ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် (ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

Photo: Gettyimages

♦ အာဆင်နယ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် နံနက် ၁း၃၀ နာရီ)

◘ ချန်ပီယံလိဂ်ပြိုင်ပွဲ တွေ့ဆုံမှု

05 Dec 2000 Arsenal v Bayern München D 2-2 UEFA Champions League
14 Mar 2001 Bayern München v Arsenal L 1-0 UEFA Champions League
22 Feb 2005 Bayern Munchen v Arsenal L 3-1 UEFA Champions League
09 Mar 2005 Arsenal v Bayern Munchen W 1-0 UEFA Champions League
19 Feb 2013 Arsenal v Bayern Munchen L 1-3 UEFA Champions League
13 Mar 2013 Bayern Munchen v Arsenal W 0-2 UEFA Champions League
19 Feb 2014 Arsenal v Bayern Munchen L 0-2 UEFA Champions League
11 Mar 2014 Bayern Munchen v Arsenal D 1-1 UEFA Champions League
20 Oct 2015 Arsenal v Bayern Munchen W 2-0 UEFA Champions League
04 Nov 2015 Bayern Munchen v Arsenal L 5-1 UEFA Champions League
15 Feb 2017 Bayern München v Arsenal L 5-1 UEFA Champions League
07 Mar 2017 Arsenal v Bayern München L 1-5 UEFA Champions League

ဘိုင်ယန်မြူးနစ်အသင်းက အာဆင်နယ်အသင်းရဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းတစ်ခု ဖြစ်လာဖို့အတွက် အထောက်အကူပြုခဲ့တဲ့အသင်းလို့ ပြောရမယ်။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးရဲ့အသင်းကို နှစ်ကျော့ပေါင်း ၁၀-၂ ဂိုးနဲ့
သွင်းယူခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ ပြုပြင်တည်ဆောက်ရေးတွေ အားလုံးစတင်ခဲ့တာဖြစ်တယ်။ အခုအချိန်မှာတော့ အာဆင်နယ်က ပိုကောင်းတဲ့အနေအထားမှာ ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းက အကျပိုင်းကို ရောက်နေတယ်။ ဒီပွဲကို အာဆင်နယ်အိမ်ကွင်းမှာ ကစားတဲ့အချိန် ဂျာမန်ပရိသတ်တွေ ပိတ်ပင်ခံထားရတာကလည်း အာဆင်နယ်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းပဲ အနိုင်ရလိမ့်မယ်။

♦ ရီးယဲလ်မက်ဒရစ် - မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် နံနက် ၁း၃၀ နာရီ)

◘ ချန်ပီယံလိဂ်ပြိုင်ပွဲ တွေ့ဆုံမှု

18 Sep 2012 Real Madrid v Manchester City L 3-2 UEFA Champions League
21 Nov 2012 Manchester City v Real Madrid D 1-1 UEFA Champions League
26 Apr 2016 Manchester City v Real Madrid D 0-0 UEFA Champions League
04 May 2016 Real Madrid v Manchester City L 1-0 UEFA Champions League
26 Feb 2020 Real Madrid v Manchester City W 1-2 UEFA Champions League
07 Aug 2020 Manchester City v Real Madrid W 2-1 UEFA Champions League
26 Apr 2022 Manchester City v Real Madrid W 4-3 UEFA Champions League
04 May 2022 Real Madrid v Manchester City L 3-1 UEFA Champions League
09 May 2023 Real Madrid v Manchester City D 1-1 UEFA Champions League
17 May 2023 Manchester City v Real Madrid W 4-0 UEFA Champions League

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ကွင်းမှာ မန်စီးတီးအသင်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ပြန်ကစားရမယ့်အခြေအနေက မန်စီးတီးအတွက် အားသာချက်ဖြစ်ပြီး ဒီပွဲရဲ့ Game Plan က မန်စီးတီးကစားမယ့် အခြေအနေကို အားဖြည့်ပေးမှာ ဖြစ်တယ်။ ရီးယဲလ်မက်ဒရစ်က ဒီပွဲအတွက် ခံစစ်ပိုင်း လူမစုံသေးတဲ့ပြဿနာကို တစ်ရာသီလုံးနီးပါး ကစားလာခဲ့ရသလို ကစားရမှာ ဖြစ်ပြီး မန်စီးတီးအသင်းအတွက်တော့ ရီးယဲလ်လို မြန်နှုန်းမြင့် လူငယ်ကြယ်ပွင့်တွေနဲ့ ကစားရမယ့်အခြေအနေမှာ ဝေါ်လ်ကာလို ကစားသမားလိုအပ်တယ်။ သူမပါတော့ ရီးယဲလ်တိုက်စစ်ကစားသမားတွေအတွက် ပိုအခွင့်အရေးသာနိုင်တယ်။ ဘာနေဗျူးမှာတော့ ရီးယဲလ်ကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group