
အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ပရိသတ်များအား လက်မှတ်ပြန်လည်ရောင်းချပါက ပွဲကြည့်ခွင့်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်၍ အရေးယူသွားမည်ဟု အာဆင်နယ်ပရိသတ်များကို သတိပေးခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ပရိသတ်များမှာ လက်ရှိအချိန်၌ ပွဲကြည့်ခွင့် ပိတ်ပင်ခံထားရသည်။
ဘိုင်ယန်မြူးနစ်အသင်း၏ပရိသတ်များသည် ကိုပင်ဟေဂင်၊ လာဇီယိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အဝေးကွင်းပွဲများတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ သောင်း ကျန်းခဲ့ကြခြင်းကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဘိုင်ယန်မြူးနစ်ပရိသတ်များကို ပွဲကြည့်ခွင့်တစ်ပွဲ ပိတ်ပင်သည့်ပြစ်ဒဏ်နှင့် ဘိုင်ယန်မြူးနစ်အသင်းကို ဒဏ်ကြေးပေါင်(၃၀၀၀၀) ချမှတ်ခဲ့သည်။
သို့သော် ဘိုင်ယန်မြူးနစ်ပရိသတ်များသည် လန်ဒန်သို့ ရောက်ရှိလာပြီး အာဆင်နယ်ပရိသတ်များထံမှ လက်မှတ်များ ပြန်လည်ဝယ်ယူရန် ကြိုးပမ်းနေသည့်အတွက် အာဆင်နယ်အသင်းက သတိပေးခဲ့ခြင်းဖြစ်သည်။
''အာဆင်နယ်အသင်းရဲ့ တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူတွေနဲ့ အာဆင်နယ် Member တွေရဲ့ ထိုင်ခုံမှာ အဝေးကွင်းပရိသတ်ကို တွေ့ရှိရတာနဲ့ လက်မှတ်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်ပြီး အရေးယူမှု ပြုလုပ်သွားမှာပါ''ဟု အာဆင်နယ
အသင်းက သတိပေးထားခြင်းဖြစ်သည်။