Eleven Media Group

■ မန်စီးတီးနှင့်ပွဲအတွက် ဘာမှ ထူးထူးခြားခြား ပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

Photo: Real Madrid

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကာလိုအန်ဆယ်လော့တီက မိမိတို့အသင်းအနေဖြင့် မန်စီးတီးအသင်းနှင့် ကစားရမည့်ပွဲအတွက် ဘာမှ ထူးထူးခြားခြား ပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

အန်ဆယ်လော့တီက ''ကျွန်တော့်အနေနဲ့ မန်စီးတီးနဲ့ပွဲအတွက် ဘာမှ ထူးထူးခြားခြားပြုလုပ်သွားဖို့ မရှိပါဘူး။ ကျွန်တော့်ခေါင်းထဲမှာဆိုလည်း ဒီပွဲမှာ အသုံးပြုမယ့်လူစာရင်းနဲ့ ပတ်သက်ပြီး ဘာမှ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေပါဘူး။ ဘယ်သူတွေ
အသုံးပြုမလဲဆိုတာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ခင်ဗျားတို့ကို ပြောပြမှာ မဟုတ်ပေမဲ့ စိတ်မပူပါနဲ့။ ခင်ဗျားတို့ ခေါင်းထဲမှာရှိနေတဲ့ လူစာရင်းပဲ ထွက်လာမှာပါ။ အလွန်ဆုံးကွာခြားလည်း တစ်ယောက်ပါပဲ''ဟု ပြောကြားခဲ့သည်။

အန်ဆယ်လော့တီသည် မန်စီးတီးအသင်း၏ ခံစစ်ကစားသမားအချို့ ဒဏ်ရာရနေခြင်းနှင့် ပတ်သက်၍လည်း ''ကျွန်တော်တို့အသင်း တစ်ရာသီလုံး လုပ်ခဲ့သလိုပဲ မန်စီးတီးလည်း ဒီအခြေအနေကို ကိုင်တွယ်နိုင်ပါလိမ့်မယ်''ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group