
ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အာဆင်နယ်၊ မန်စီးတီး၊ အက်သလက်တီကိုနှင့် ဘာစီလိုနာအသင်းတို့ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိရန် ရေပန်းစားနေသည်။
အဆိုပါ(၄)သင်းစလုံး ဆီမီးဖိုင်နယ်ရောက်ရှိရန် အလေးပေးမှုမှာ (၆.၅း၁)လေး ဖြင့် အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။
Sky Bet က ဆီမီးဖိုင်နယ်တက်ရောက်မည့် အသင်း(၄)သင်းအတွက် အလေးပေးမှုများ သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ(၄)သင်းအတွဲ၏နောက်တွင် အာဆင်နယ်၊ ရီးယဲလ်၊ PSG နှင့် ဒေါ့မွန်အတွဲ ဆီမီးဖိုုင်နယ်တက်ရောက်ရန် (၁၅း၁)လေးသတ်မှတ်ခဲ့သည်။
ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်၊ အက်သလက်တီကိုနှင့် ဘာစီလိုနာအတွဲ ဆီမီးဖိုင်နယ်တက်ရောက်ရန် (၁၈း၁)လေး သတ်မှတ်ခံထားရကြောင်း သိရသည်။