Eleven Media Group

စီးရီးအေနှင့် ပြင်သစ်လီဂူး ပွဲကြိုသုံးသပ်ချက်

Photo : Getty Images

စီးရီးအေ
လက်ချီ နှင့် အမ်ပိုလီ
အမ်ပိုလီက ရှုံးပွဲတွေဆက်ခဲ့ပြီးမှ နောက်ဆုံးပွဲမှာ တိုရီနိုကို နိုင်ခဲ့တယ်။ ဒါပေမဲ့ လက်ချီကွင်းမှာတော့ ရလဒ်ကောင်းရယူနိုင်ဖို့ လွယ်မယ်မထင်ဘူး။ လက်ချီကို ကြိုက်တယ်။ ဂိုးနည်း နိုင်တယ်။

တိုရီနို နှင့် ဂျူဗင်တပ်စ်
တူရင်ဒါဘီက စိတ်ဝင်စားစရာကောင်းဆဲလို့ပဲ ဆိုရမယ်။ လက်ရှိ (၂)သင်းအကြား ရလဒ်ပိုင်းကလည်း အရမ်းကွာဟနေတာမျိုး မရှိဘူး။ ဂျူဗင်တပ်စ်က အဆင့်(၃)နေရာမှာ ရပ်တည်နေပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချလို့ရတဲ့ အနေအထားမှာ မရှိသေးဘူး။ ဒါ့အပြင် စီးရီးအေအဝေးကွင်းနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကလည်း ဂျူဗင်တပ်စ်အတွက် ဖိအားလို့ ပြောရမယ်။ တိုရီနိုက အသင်းကောင်းတစ်သင်းဖြစ်ပြီး နောက်ဆုံးပွဲမှာ အမ်ပိုလီကို ရှုံးခဲ့ပေမဲ့ တည်ငြိမ်မှုပျက်သွားဖို့တော့ မရှိပါဘူး။ တိုရီနိုကို ကြိုက်တယ်။

ဘိုလော့ဂ်နာ နှင့် မွန်ဇာ
ဘိုလော့ဂ်နာက ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်အတွက် အမှားခံလို့မရတဲ့ အခြေအနေကို ရောက်လာတယ်။ ဒီပွဲပြီးရင် အဓိကပြိုင်ဘက် ရိုးမားနဲ့ရင်ဆိုင်ရမှာဖြစ်လို့လည်း ဘိုလော့ဂ်နာအမှားခံမယ်မထင်ဘူး။ မွန်ဇာက အမှတ်မလိုတဲ့အသင်းပါ။ ဘိုလော့ဂ်နာကို ကြိုက်တယ်။

ပြင်သစ်လီဂူး
စထရာဘိုး နှင့် Reims
လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းအရ ကွာခြားမှုမရှိပေမယ့် Reims က ဥရောပဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်နေတဲ့အသင်းဖြစ်ပြီး စထရာဘိုးကတော့ လက်ရှိမှာ ဖိအားကင်းတဲ့အခြေအနေဖြစ်နေပါတယ်။ အဝေးကွင်းဆိုပေမယ့် ကစားပုံ၊ ကစားအား ပိုကောင်းတဲ့ Reims ကိုပဲရွေးထားချင်တယ်။

ရန်းစ် နှင့် တူးလူး
လက်ရှိရပ်တည်မှုအရ နှစ်သင်းစလုံး ဖိအားကြီးကြီးမား မားရှိမနေဘဲ ခြေစွမ်းအရလည်း ကွာခြားချက်နည်းပါတယ်။ ဒါပေမဲ့ တူးလူးက အမှတ်ရအောင်ကစားတတ်တဲ့အသင်းပါ။ တူးလူးကိုပဲ ရွေးထားချင်တယ်။

မူရင်းသတင်း — Eleven Media Group