
လီဗာပူးလ် နှင့် ခရစ္စတယ်ပဲလေ့စ်
လီဗာပူးလ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဆီက သရေတစ်မှတ်ပဲရခဲ့လို့ ချန်ပီယံ ပြေးလမ်းမှာ ထိပ်ဆုံးနေရာက ဆင်းပေးလိုက်ရပြီး ဖိအားတွေရဲ့အလယ်ကို ရောက်နေတယ်။ အသင်းလိုက် ခြေစွမ်းကောင်းသလို တိုက်စစ်ကစားပုံလည်း ကောင်းတယ်။ ခရစ္စတယ်ပဲလေ့စ်က မန်စီးတီးနဲ့ပွဲမှာအသည်းအသန်ကစားသွားတာလည်း တွေ့ ရတယ်။ ဒါပေမဲ့ လီဗာပူးလ်ကိုလည်း ရှုံးဦးမှာပါပဲ။ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
ဝက်စ်ဟမ်း နှင့် ဖူလ်ဟမ်
ဝက်စ်ဟမ်းအသင်းက ဥရောပဝင်ခွင့်တစ်နေရာအတွက် ကြိုးစားနေတယ်။ နောက်ပိုင်းပွဲတွေမှာ သရေရလဒ်တွေများခဲ့တာက ဝက်စ်ဟမ်းရဲ့ ပြဿနာဖြစ်ပြီး နောက်ဆုံးပွဲမှာတော့ အမှတ်သိပ်မလိုတော့ပဲ သာမန်ပဲ ကစားနေတဲ့ ဝုလ်ဗ်ကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းက အနိုင်ကစားရမယ့်ပွဲထက် သရေခံကစားတာကို ပိုကျွမ်းကျင်သလို ဖြစ်နေတယ်။ ဖူလ်ဟမ်ကတော့ အမှတ်တွေပြန်ပေးနေချိန်ပါ။ ဝက်စ်ဟမ်းနိုင်သင့်တယ်။
အာဆင်နယ် နှင့် အက်စတွန်ဗီလာ
စပါးအသင်းက အဝေးကွင်းမှာ နယူးကာဆယ်နဲ့ ကစားရမယ့်အချိန်မှာ အက်စတွန်ဗီလာအသင်းလည်း ပွဲကြပ်ကစားရမှာဖြစ်တယ်။ ဗီလာက အဆင့် ၄ နေရာအတွက် စပါးကို အမီလိုက်ရမှာဖြစ်ပြီး မန်ယူနိုက်တက်ကိုတော့ စိုးရိမ်စရာမရှိဘူး။ ဒါပေမဲ့ အမှားခံလို့မရတဲ့အခြေအနေဖြစ်သလို ရှေ့လာမယ့် ပွဲတွေမှာလည်း ပွဲကြပ်တွေရှိနေတယ်။ အက်စတွန်ဗီလာထက် ပိုပြီး ဖိအားများတဲ့အသင်းက အာဆင်နယ်ပါ။ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကြောင့် အမှားမခံတဲ့ အခြေအနေက ဖိအားများသလို၊ ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို သရေကျထားတဲ့အတွက် ဒီပွဲကို သူတို့ ဘယ်လိုတုန့်ပြန်လာမလဲဆိုတာကို ကြည့်ရမယ်။ လက်ရှိခြေစွမ်းရော၊ Rhythm ရောမှာ အာဆင်နယ်က တော်တော်လေး အားသာနေတာတော့ အမှန်ပဲ။ အိမ်ကွင်းလည်းဖြစ်နေလို့ အာဆင်နယ်အမှားမခံပဲ နိုင်ပွဲယူသွားလိမ့်မယ်။