Eleven Media Group

စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo : Getty Images

နာပိုလီ နှင့် ဖရိုဆီနိုနီ
မွန်ဇာကို အဝေးကွင်းမှာ အနိုင်ရခဲ့ခြင်းက နာပိုလီကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်လို့ မျှော်လင့်ရတယ်။ ဖရိုဆီနိုနီက တန်းဆင်းဇုန်ထဲရောက်နေလို့ ရုန်းကန်နေပေမဲ့ ထင်သလောက်အလုပ်မဖြစ်သေးဘူး။ ကိုပါအီတာလီယာရှုံးကြွေး နာပိုလီ ပြန်ဆပ်လိမ့်မယ်။

ဆာဆူအိုလို နှင့် အေစီမီလန်
အေစီမီလန်က စီးရီးအေနောက်ဆုံး (၅)ပွဲဆက် အနိုင်ရထားပြီး တိုက်စစ်ကစားသမား လီယာအိုကိုယ်တိုင် အကောင်းဆုံး ပုံစံပြနေတယ်။ ဆာဆူအိုလိုကတော့ တန်းဆင်းဇုန်ထဲရောက်နေပြီး သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်ခြင်းမရှိသေးဘူး။ ဒါပေမဲ့ အေစီမီလန် ရမှတ်လိုအပ်ချက် မရှိတာကိုတော့ သတိပြုရမယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဆာဆူအိုလိုနဲ့ စွန့်စားသင့်တယ်။

အူဒီးနီးစ် နှင့် ရိုးမား
အူဒီးနီးစ်က နောက်ဆုံးပွဲမှာ အင်တာမီလန်ကို ကပ်ရှုံးခဲ့ပေမဲ့ ကွင်းတွင်းခြေစွမ်းကတော့ သာမန်ထက်မပိုခဲ့ပါဘူး။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ သူတို့ရဲ့ တိုက်စစ်က သွင်းဂိုးတစ်ဂိုးအတွက်တောင် အတော်လေး ရုန်းကန်လာရတာကို တွေ့ရတယ်။ ရိုးမားက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လေလွင့်မှုလျော့နည်းအောင် ကစားနေတဲ့အသင်းပါ။ လက်ရှိခြေစွမ်းကိုကြည့်ရင်လည်း (၂)သင်းအကြား ကွာဟမှုအတော်ကြီးမား ပါတယ်။ ဒီရာ့ဆီနဲ့ ရိုးမား နိုင်ပွဲရလိမ့်မယ်။ (၂)သင်းပေါင်းသွင်း ဂိုးများဖို့ရှိတယ်။

အင်တာမီလန် နှင့် ကာဂလီယာရီ
အင်တာမီလန်က စီးရီးအေနောက်ဆုံး (၂၅)ပွဲဆက် ရှုံးပွဲမရှိကစားထားတဲ့ အသင်းဖြစ်ပြီး ပြည်တွင်းဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဖြိုလှဲနိုင်တဲ့ပုံစံမျိုးကို ပြသနေတယ်။ ကာဂလီယာရီကလည်း နိုင်ပွဲတွေ ပြန်လည်ရရှိနေပြီး အဆင့် (၁၃)အထိ ပြန် ရောက်လာတယ်။ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အင်တာမီလန်ကို အကြိမ်ကြိမ်အရေးနိမ့်ခဲ့ပေမဲ့ ဒီပွဲတော့ ကာဂလီယာကို ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group