
ဘွန်ဒစ်လီဂါ
ဒမ်းစတက်ဒ် နှင့် ဖရိုင်းဘတ်
ဖရိုင်းဘတ်အသင်း အဝေးကွင်း နောက်ဆုံး(၂)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ ဒီပွဲလည်း ဖရိုင်းဘတ်အနိုင်ရဦး မယ်ထင်တယ်။
လေဗာကူဆင် နှင့် ဝါဒါဘရီမင်
လေဗာကူဆင်အသင်း အခုပွဲအနိုင်ရရုံနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘွန်ဒစ်လီဂါဖလားကို ဆွတ်ခူးနိုင်ပါပြီ။ ဝက်စ်ဟမ်းအသင်းနဲ့ ယူရိုပါလိဂ် ကွာတားနှစ်ကျော့ကြားမှာ ကစားရတာဖြစ်လို့ လေဗာကူဆင်အသင်း ပွဲဆက်များနေတဲ့ဒဏ်တော့ ရှိပါတယ်။ ဝါဒါဘရီမင်ကတော့ နောက်ဆုံး(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပါတယ်။ ချန်ပီယံအဖြစ်အောင်ပွဲခံဖို့များတဲ့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။
ပြင်သစ်လီဂူး
လူအယ်ဗာ နှင့် နန့်စ်
နှစ်သင်းစလုံး အမှတ်တူအနေအထားနဲ့ တန်းဆင်းဇုန်အနီးမှာရုန်းကန်နေရပြီး ဒီပွဲအနိုင်ရတဲ့အသင်းက အခြေအနေကောင်း တစ်ခုကိုပိုင်ဆိုင်သွားမှာပါ။ လူအယ်ဗာကွင်းဆိုပေမယ့် နန့်စ်တို့ အမှတ်ရအောင်ကစားမှာပါ။
ကလယ်မွန့် နှင့် မောင့်ပယ်လီယာ
ဇယားအောက်ဆုံးက အိမ်ရှင်ကလယ်မွန့်တို့ တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်ရှိနေဆဲဆိုပေမယ့် မလွယ်ကူတော့ပါဘူး။ မောင့်ပယ်လီယာက ဖိအားနည်းတဲ့အသင်းဖြစ်ပြီးအမှတ်ရအောင်ကစားတတ်ပါတယ်။ သရေကျဖို့များတယ်။
လိုင်ယွန် နှင့် ဘရက်စ်
ဒီပွဲက ဘရက်စ်ရဲ့ အဆင့် (၂)နေရာတည်မြဲရေးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့ပွဲပါ။ လက်ရှိခြေစွမ်းနဲ့ စုဖွဲ့မှုအရ ဘရက်စ်က ပိုတည်ငြိမ်တဲ့အသင်းလို့ဆိုနိုင်ပေမယ့် နောက်ဆုံး (၄)ပွဲဆက်ရှုံးပွဲမရှိဘဲ (၃)ပွဲအနိုင်ရထားတဲ့ အိမ်ရှင်လိုင်ယွန်ရဲ့ ရုန်းကန်အားကိုသတိပြုရပါလိမ့်မယ်။ ဒါ့ပြင် လိုင်ယွန်အတွက် ဥရောပဝင်ခွင့်မျှော်လင့်ချက်ကလည်း ရှိနေသေးလို့ အခုလိုအိမ်ကွင်းပွဲမှာ အမှတ်ယူထားဖို့ကြိုးစားမှာပါ။ ဒါပေမဲ့ လိုင်ယွန်ရဲ့ ခံစစ်ပိုင်းအားနည်းမှုက ဘရက်စ်အတွက်အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ ဘရက်စ်ကိုပဲရွေးထားမယ်။