
ပရီးမီးယားလိဂ်
ချယ်လ်ဆီး နှင့် အဲဗာတန်
အဲဗာတန်က အခုအချိန်မှာ ရလဒ်ပိုင်း ပြန်တက်လာတယ်။ နယူးကာဆယ်နဲ့ ဘန်လေတို့ဆီက ၄ မှတ်ယူလိုက်တယ်။ အမှတ်လျှော့ခံထားရတဲ့ အနေအထားတွေမှာတောာင် အဲဗာတန်တန်းမဆင်းရဖို့ အခြေအနေက ဖြစ်နိုင်ပါသေးတယ်။ ချယ်လ်ဆီးကလည်း ဥရောပဝင်ခွင့်အတွက် မျှော်လင့်လို့ရတဲ့ အခြေအနေမှာ ဘရန့်ဖို့ဒ်၊ ဘန်လေ၊ ရှက်ဖီး ၃ ပွဲကနေ ၃ မှတ်ပဲ ရလိုက်တာ တော်တော်ဆိုးတယ်။ ဒီပွဲတော့ ချယ်လ်ဆီးနိုင်သင့်တယ်။
လာလီဂါ
အိုဆာဆူနာ နှင့် ဗလင်စီယာ
ဗလင်စီယာကလည်း ဥရောပပွဲဝင်ခွင့်အတွက်မျှော်လင့်ချက်ထားလာနိုင်ဖို့ ပန်းအဝင်မှာ ပိုအားထည့်လာနိုင်တယ်။ ဒါပေမဲ့ ဗလင်စီယာရဲ့ အဝေးကွင်းတိုက်စစ်အားနည်းမှုက အိမ်ကွင်းဆိုခံစစ်ကစားပုံ ပိုငြိမ်တတ်တဲ့ အိုဆာဆူနာဘက်ကိုဂိုးရအောင်ယူနိုင်ပါ့မလား ဆိုတာစဉ်းစားထားစရာဖြစ်နေတယ်။ ဂိုးအနည်း သရေပွဲလို့ပဲထင်ပါတယ်။
စီးရီးအေ
ဖီအိုရင်တီးနား နှင့် ဂျီနိုအာ
ဖီအိုရင်တီးနားက ဂျီနိုအာနဲ့တွေ့တဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲမှာ (၁၂)ဂိုးအထိ သွင်းခဲ့တယ်။ ဒါပေမဲ့ ဥရောပပွဲကစားဖို့ ရှိတာကြောင့် ဖီအိုရင်တီးနားထင်သလောက် အားစိုက်မယ်မထင်ဘူး။ သရေကျဖို့များတယ်။
အတ္တလန်တာ နှင့် ဗီရိုနာ
အတ္တလန်တာက စီးရီးအေနောက်ဆုံး (၆)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဲ့ ခပ်ဝေးဝေးကို ပြန်ရောက်သွားတယ်။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ကွင်းမှာ အတ္တလန်တာအသင်းနိုင်ပွဲပြန်ရဖို့ ကြိုးစားမှာပါ။