
ဘာစီလိုနာ နှင့် PSG
PSG အသင်းရဲ့ ချန်ပီယံလိဂ်ကံကြမ္မာဆိုးတွေကို လက်ရှိနည်းပြ အန်နရီကေးလည်း အဆုံးသတ်နိုင်မယ့်ပုံလည်း မပေါ်သေးဘူး။ ပါရီမြေမှာတော့ PSG အသင်းက ကစားတာပိုကောင်းခဲ့သလို၊ လက်ရှိရလဒ်ကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတဲ့ အနေအထားပါပဲ။ လူငယ်တွေနဲ့ တည်ဆောက်ထားပြီး မှန်းဆရခက်တဲ့အသင်းတွေလည်းဖြစ်တယ်။ PSG ဘက်ကပဲ ရပ်တည်တာ ပိုကောင်းမယ်။
ဒေါ့မွန် နှင့် အက်သလက်တီကို
အက်သလက်တီကိုအသင်းက နှစ်ဂိုးပြတ်ဦးဆောင်နေ ပြီးမှ ဒေါ့မွန်ဘက်ကို တစ်ဂိုး ပြန်ပေးလိုက်ရတယ်။ မက်ဒရစ်မြေမှာ အိမ်ရှင်အသင်း ပထမပိုင်းမှာ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့လို့ နောက်ပိုင်းထိန်းကစားတယ်ဆိုပေမဲ့ ဒေါ့မွန်အသင်းရဲ့ ကစားပုံကိုတော့ အသိအမှတ်ပြုရမယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်း အတင်းဖိအားကစားရင်တော့ တီကို စိတ်ကြိုက်ဖြစ်သွားလိမ့်မယ်။ တီကိုကိုပဲ ရွေးချယ်ချင်တယ်။