
အတ္တလန်တာ နှင့် လီဗာပူးလ်
လီဗာပူးလ်အသင်းက ဒီရာသီ ယူရိုပါလိဂ် အဝေးကွင်း (၅)ပွဲမှာ (၃)ပွဲ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့(၁၆)သင်းအဆင့်မှာ စပါတာပရပ်ဂ်ကို နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ယူခဲ့တာကို ကြည့်ရင် ရှုံးထွက်အဆင့်တွေမှာ လီဗာပူးလ်အသင်း အမှားလုံးဝမလုပ်လောက်တဲ့ အနေအထားကို တွေ့ရမယ်။ လီဗာပူးလ်ကို ပဲ ရွေးချယ်ချင်တယ်။
ရိုးမား နှင့် အေစီမီလန်
ရိုးမားအသင်းအနေနဲ့ ရောမမြေမှာ အေစီမီလန်အသင်းကို နောက်ဆုံးအနိုင်ကစားခဲ့တာ ၂၀၁၉ ခုနှစ် အောက်တိုဘာလကဖြစ်ပြီး အဲဒီနောက်ပိုင်း (၄)ပွဲမှာ (၁)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုးမားအသင်းက ဒီရာသီ ယူရိုပါလိဂ် အိမ်ကွင်းပွဲတွေမှာ လုံးဝမရှုံးထားတာ ထည့်တွက်ရမယ်။ ရိုးမားအသင်း မရှုံးလောက်ဘူး။
ဝက်စ်ဟမ်း နှင့် လေဗာကူဆင်
လေဗာကူဆင်အသင်းက ဒီရာသီ အဝေးကွင်းပွဲတွေမှာ (၁၇)ပွဲနိုင်၊ (၃)ပွဲသရေကျပြီး အကောင်းဆုံးအနေအထားကို ရောက်နေတယ်။ ဝက်စ်ဟမ်းအသင်းကလည်း ဒီရာသီ ယူရိုပါလိဂ် အိမ်ကွင်း(၄)ပွဲစလုံး အနိုင်ကစားထားတယ်။ လေဗာကူဆင် မရှုံးပါဘူး။
မာဆေးလ် နှင့် ဘင်ဖီကာ
ပြိုင်ဘက်ကောင်းတွေနဲ့ အဝေးကွင်းပွဲတွေမှာ ဘင်ဖီကာအသင်း ရုန်းကန်ရတတ်တာကို သတိပြုရမယ်။ မာဆေးလ်က ဘရိုက်တန်နဲ့ သရေကျတဲ့ပွဲကလွဲပြီး ယူရိုပါလိဂ်အိမ်ကွင်း(၄)ပွဲဆက် အနိုင်ကစားထားတယ်။ မာဆေးလ်ကို ကြိုက်တယ်။