Eleven Media Group

ရီးယဲလ်နှင့်ပွဲရလဒ်ကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကျေနပ်

Photo: UEFA

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းနှင့် သုံးဂိုးစီသရေကျသည့်ပွဲအပြီးတွင် အနိုင်မရခဲ့သော်လည်း ထွက်ပေါ်သည့်ရလဒ်ကို ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။
''ဒါက ကျွန်တော်တို့ စိတ်ကူးထားတဲ့ရလဒ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနိုင်လိုချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့နဲ့ ကြံ့ခိုင်သန်မာမှုအပြည့် ကစားနိုင်ခဲ့ပါတယ်။ ဒါဟာ မန်ချက်စတာမှာ ကျွန်တော်တို့ လုပ်လေ့ရှိတဲ့ အရာမျိုးပေါ့''ဟု ဂွါဒီယိုလာက ပြောကြားသည်။
မန်စီးတီးအသင်း၏ ယခုပွဲရလဒ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၂၅)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်သူ ဒီဘရိုင်းနားမှာမူ ယခုပွဲတွင် နေမကောင်းဖြစ်နေမှုကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ အရန်ခုံတွင်သာ ထိုင်နေခဲ့ရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group