Eleven Media Group

ကွန်းဖရန့်လိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo : Getty Images

လိုင်လီ နှင့် အက်စတွန်ဗီလာ
ဗီလာအနေနဲ့ အာဆင်နယ်အသင်းကို ရင်ဆိုင်ကစားပြီး အခုပွဲကို ဆက်ကစားရတာပါ။ ပွဲပန်းနေတာကြောင့် ဗီလာအသင်း အဝေးကွင်းမှာ သိပ်မလွယ်လောက်ဘူး။ လိုင်လီကိုပဲ ရွေးချယ်ချင်တယ်။

ဖီအိုရင်တီးနား နှင့် ပယ်လ်ဇန်
ဖီအိုရင်တီးနားအသင်းက ကွန်းဖရန့်လိဂ်နဲ့ ကိုပါအီတာလီယာစတဲ့ ဖလားပြိုင်ပွဲနှစ်ခုကို လုံးဝအာရုံစိုက်နေတာတော့ သေချာပါတယ်။ အီတလီမြေလည်းဖြစ်လို့ ဖီအိုရင်တီးနား ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

အခြားပွဲစဉ်များ
PAOK* - ကလပ်ဘရုဂေး
ဖီနာဘာချီ - အိုလံပီယာကော့စ်*

မူရင်းသတင်း — Eleven Media Group