
စပိန်ဝါရင့်ကစားသမား နာဗတ်စ်က ဆီဗီလာအသင်းတွင် ဆက်လက်ကစားသွားလိုကြောင်း ဖွင့်ဟခဲ့သည်။
အသက်(၃၈)နှစ်အရွယ်ရှိ နာဗတ်စ်သည် မန်စီးတီးအသင်းတွင် ဘောလုံးရာသီ(၄)ရာသီ ကစားခဲ့သည်မှအပ ဆီဗီလာအသင်းတွင် သူ၏ကစားသမားဘဝ နှစ်(၂၀)လုံးလုံး ကစားခဲ့ခြင်းဖြစ်သည်။
နာဗတ်စ်က ကလပ်အသင်းကို ကိုယ်စားပြုကစားရသည့်အတွက် ဂုဏ်ယူကြောင်းနှင့် ရာသီကုန်တွင် စာချုပ်သက်တမ်းတိုးခွင့်ရလျှင် ပျော်ရွှင်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။