Eleven Media Group

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo : Getty Images

လူတန် နှင့် ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြန်လည်တည် ငြိမ်လာတယ်။ ဂိုးတွေလည်း ရလာပါတယ်။ လူတန်က တန်းမဆင်းရရေးမျှော်လင့်ချက်အတွက် အကောင်းဆုံးရုန်းကန်နေဆဲပါ။ လူတန် အမှတ်ရမယ်ထင်တယ်။

ရှက်ဖီးယူနိုက်တက် နှင့် ဘန်လေ
လားရာလမ်းဆီ ပြန်ရဖို့နီးစပ်နေပေမယ့် မထင်မှတ်ထားတာတွေ လုပ်ပြနေတုန်းပဲ။ ရှက်ဖီးလ်က ချယ်လ်ဆီးကို သရေကစားပြတာ ချီးကျူးစရာကောင်းပြီး ဘန်လေဆီကလည်း တစ်မှတ်ယူပါလိမ့်မယ်။

ဝုလ်ဗ် နှင့် အာဆင်နယ်
အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် အမှားမခံချိန်ပါပဲ။ ဝုလ်ဗ်က လက်ရှိရာသီအိမ်ကွင်းမှာ ပရီးမီးယားလိဂ် Big Six အသင်းတွေကို ဒုက္ခပေးထားနိုင်ပါတယ်။ မန်စီးတီး၊ စပါး၊ ချယ်လ်ဆီးတို့ကို အနိုင်ကစားခဲ့ပြီး မန်ယူနဲ့ လီဗာပူးလ်ကိုလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒီတော့ အာဆင်နယ်အသင်း ပေါ့ဆလို့မရတဲ့ပွဲမျိုးဖြစ်ပြီး ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲကြောင့်လည်း အာရုံမများဖို့လိုတယ်။ အာဆင်နယ်တိုက်စစ်မှာ လူပြန်စုံလာသလို၊ ခံစစ်ကလည်း တည်ငြိမ်နေလို့ ဝုလ်ဗ်ရဲ့ အိမ်ကွင်းမာဂုဏ်ကို ထိန်းချုပ်နိုင်မယ်ထင်ပါတယ်။ အာဆင်နယ်ကပ်နိုင်ပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group