
ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒိုင်ယာက ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခွင့်ရရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
ဒိုင်ယာသည် အင်္ဂလန်အသင်းအတွက် (၄၉)ပွဲ ကစားပေးထားပြီး ၂၀၂၂ ဒီဇင်ဘာလက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆) သင်းအဆင့်ပွဲစဉ် ဆီနီဂေါနှင့် ပွဲပြီးကတည်းက နိုင်ငံအသင်းအတွက် ကစားရခြင်းမရှိတော့ကြောင်း သိရသည်။
ဒိုင်ယာအနေဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလက ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။