
မန်စီးတီး နှင့် ချယ်လ်ဆီး
မန်ချက်စတာစီးတီးက ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ ကစားပြီးမှ ချယ်လ်ဆီးနဲ့ နောက်ထပ် အရေးပါတဲ့ပွဲ ကစားရမှာ ဖြစ်လို့ ပွဲပန်းမှု၊ ဒဏ်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ မလွဲမသွေ ရင်ဆိုင်ရနိုင်တယ်။ ဂွါဒီယိုလာအတွက် နှစ်နှစ်ဆက်ဖလား (၃)လုံးအောင်မြင်မှုက မက်လောက်စရာဖြစ်ပေမဲ့ ဒီရာသီ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရာမှာ တစ်ပွဲမှ မနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း ထည့်တွက်ရမယ်။ ပိုချက်တီနိုရဲ့အသင်းက ခြေစွမ်း အတက်၊ အကျ အရမ်းများတယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတိုင်း တစ်ခုခုတော့ လုပ်ပြတတ်တာကို မေ့ထားလို့ မရဘူး။ အသင်းလိုက်ကစားဟန်၊ နည်းပြနဲ့ ကစားသမား အံဝင်ခွင်ကျ ဖြစ်မှုအပိုင်းတွေမှာ မန်စီးတီး အဖက်ဖက်ကသာပေမဲ့ ချယ်လ်ဆီးက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်တာ သေချာတယ်။
- မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့တွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲတွင် (၇)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
- မန်စီးတီးအသင်းသည် FA ဖလားပြိုင်ပွဲ နောက်ဆုံး (၁၀)ပွဲဆက် အနိုင်ရရှိခဲ့ပြီး Clean Sheet ရရှိသည့် ပွဲအရေအတွက်မှာလည်း (၈) ပွဲအထိ ရှိခဲ့သည်။