Eleven Media Group

အနားယူရန် လိုအပ်နေကြောင်း မန်စီးတီးကွင်းလယ်လူ ရိုဒရီ ဖွင့်ဟ

Photo: X

မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီက သူ့အနေဖြင့် အနားယူရန် လိုအပ်နေကြောင်း ရီးယဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အသက်(၂၇)နှစ် အရွယ်ရှိ ရိုဒရီအနေဖြင့် ရီးယဲလ်အသင်းနှင့် ကစားသည့်ပွဲမှာ ယခုရာသီအတွင်း သူ၏ပြိုင်ပွဲစုံ (၄၁)ပွဲမြောက် ဖြစ်ခဲ့သည်။
ရီးယဲလ်နှင့်ပွဲ သရေရလဒ်မှာ ရိုဒရီ ပါဝင်ကစားသည့်ပွဲတိုင်း မန်စီးတီးအသင်း ရှုံးပွဲမရှိသည်မှာ (၆၆)ပွဲထိ ရှိလာပြီး ရက်ပေါင်းအားဖြင့် (၄၂၉)ရက် ကြာမြင့်ခဲ့သည်။
ရိုဒရီသည် ယခုရာသီအတွင်း မိနစ်ပေါင်း (၃၄၉၇)မိနစ် ကစားထားခဲ့သည်။

မူရင်းသတင်း — Eleven Media Group