
စီးရီးအေ
အမ်ပိုလီ နှင့် နာပိုလီ
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာ အမ်ပိုလီက အသာရခဲ့ပေမဲ့ နာပိုလီရဲ့အမှတ်လိုအပ်ချက်နဲ့ သဘာအရ အမ်ပိုလီအတွက် ဖြေဆေးမရှိပါဘူး။ နာပိုလီရဲ့ပွဲလို့ပဲ ပြောချင်ပါတယ်။
ဗီရိုနာ နှင့် အူဒီးနီးစ်
တန်းဆင်းအန္တရာယ်နဲ့ အသင်းနှစ်သင်းပါ။ ဘယ်အသင်းမှ အခွင့်အရေးပိုရှိမနေဘူး။ ဒါပေမဲ့ အိမ်ကွင်းအားနဲ့ ဗီရိုနာ အမှတ်ယူမယ်။ သရေဆိုလည်း အံ့သြစရာမရှိပါဘူး။
ဘွန်ဒစ်လီဂါ
ဝုလ်ဖ်ဘတ် နှင့် ဘိုဟုမ်
(၂)သင်းစလုံး ဆိုးရွားတဲ့ အနေအထားကို ကြုံတွေ့နေရတယ်။ ဒီပွဲမှာ ရှုံးတဲ့အသင်းက တန်းဆင်းဇုန်ထဲကို ရောက်သွားနိုင်တဲ့ အနေအထားလည်း ဖြစ်တယ်။ အိမ်ကွင်းအားသာချက်ရှိတဲ့ ဝုလ်ဖ်ဘတ်ကို ရွေးချယ်ချင်တယ်။ (၂)သင်းပေါင်းသွင်း ဂိုးများနိုင်တယ်။
ကိုလုံး နှင့် ဒမ်းစတက်ဒ်
ဒမ်းစတက်ဒ်က တန်းပြန်ဆင်းရမယ့် အသင်းဖြစ်ပြီး ကစားပုံကလည်း အရမ်းညံ့တယ်။ ကိုလုံးက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာဖြစ်ပြီး နိုင်ပွဲအတွက် ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတာလည်း တွေ့ရတယ်။ ကိုလုံး ဂိုးဘယ်လောက်သွင်းမလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ်။
ဟော်ဖန်ဟင်မ် နှင့် မိုချန်ဂလာဘတ်
ဟော်ဖန်ဟင်မ်က သူတို့ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ကို ဆက်ပြီး အသက်သွင်းချင်တယ်ဆိုရင်တော့ ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ပါတယ်။ မိုချန်ဂလာဘတ်က အထက်မရောက်အောက်မရောက်အသင်းပါ။ ဟော်ဖန်ဟင်မ်ကို ပဲ ရွေးချယ်ချင်တယ်။
ဟိုင်းဟိုင် နှင့် လိုက်ပ်ဇစ်
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လိုက်ပ်ဇစ်အမှားခံလို့ မရ တော့ဘူး။ အတိမ်းအစောင်းအဖြစ်မခံတော့ဘူးလို့ ဆိုရမှာဖြစ်ပြီး သူတို့အနေနဲ့ ရမှတ်ပြည့်ရဖို့ အပြည့်အဝအားထုတ်လိမ့်မယ်။ ဟိုင်းဟိုင်က အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ လိုက်ပ်ဇစ်ကို ကြိုက်တယ်။
အူန်ယွန်းဘာလင် နှင့် ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်ရဲ့ ဒီရာသီဘွန်ဒစ်လီဂါဖြတ်သန်းမှုက စိတ်ပျက်စရာဖြစ်ပြီး အဆင့်(၂)နေရာအတွက်ပဲ ကြိုးပမ်းရတော့မယ်။ အူယွန်းဘာလင်ကလည်း ပြီးခဲ့တဲ့ရာသီက ပုံစံနဲ့ ခြားနားခဲ့ ပါပြီ။ ဘိုင်ယန်မြူးနစ်အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ဘဲ စောင့်ကြည့်ရမယ်။