Eleven Media Group

ဘာစီလိုနာနှင့် ဒုတိယအကျော့ကို ဗိုလ်လုပွဲကဲ့သို့ကစားရမည်ဖြစ်ပြီး ကျော်ဖြတ်နိုင်ရန် သံသယမရှိဟု အန်နရီကေး ဆို

Photo: UEFA

ဘာစီလိုနာအသင်းအား ဖလားသုံးလုံး အောင်မြင်မှု ရယူပေးခဲ့ဖူးသည့် PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက ဘာစီလိုနာအသင်းအား ပထမအကျော့တွင် ရှုံံးနိမ့်ခဲ့သော်လည်း ကျော်ဖြတ်နိုင်ရန် သံသယမရှိဟု ပြောကြားခဲ့သည်။
''ဒီရှုံးနိမ့်မှုအတွက် ကျွန်တော်တို့ မပျော်ရွှင်ပါဘူး။ အခုအချိန်မှာ ဒုတိယအကျော့ပွဲက ဗိုလ်လုပွဲလိုပါပဲ။ အဲဒါက ကျွန်တော်တို့ ရည်မှန်းချက်ပါ။ ကျွန်တော်တို့ ကျော်ဖြတ်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ ဘာစီလိုနာအသင်းကို သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ နိုင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်။ ဒုတိယအကျော့အတွက် တချို့အရာတွေ တိုးတက်အောင် လုပ်ရပါမယ်။ ဒါပေမဲ့ ဒီညမှာမြင်ခဲ့ရတာတွေကို ကျွန်တော် ကျေနပ်ပါတယ်'' ဟု အန်နရီကေးက ဆိုခဲ့သည်။
ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၁၆ ရက်တွင် ပြန်လည်ကစားရမည်ဖြစ်ပြီး PSG အသင်းမှာ ယခုတစ်ပတ်တွင် ပွဲကစားရန်မရှိသော်လည်း ဘာစီလိုနာအသင်းမှာမူ ကာဒစ်ဇ်နှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group