
လုပ်ပွဲတွေ တကယ်ရှိလား၊ အဲဒီမေးခွန်းက သွေးဆူစေလိမ့်မယ်။ လောင်းကစားဒိုင်တွေက ဘောလုံးလောကကို ထိန်းချုပ်နေပြီလား။ အဲဒီမေးခွန်းကလည်း အငြင်းပွားဖွယ်ရာ ဖြစ်နေတာပဲ။ လုပ်ပွဲရှိသူနဲ့ လုပ်ပွဲမရှိသူ စီးချင်းထိုးပွဲတွေမှာ ရင်ခုန်သံကို လောင်းကြေးထပ်ထားသူတွေ ဝေခွဲရခက်လာတယ်။ ''ဟေး လုပ်ပွဲရှိလား၊ မရှိဘူးလား''ဆိုပြီး အော်ဟစ်မေးမြန်းချင်လာတယ်။