
အလန်ရှီးယားရားက ဂါရက်ဆောက်ဂိတ် အနေနဲ့ ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ အင်္ဂလန် ကြယ်ပွင့် ၂ ဦးကို ချန်လှပ်ပစ်ရန် တိုက်တွန်းခဲ့ပါတယ်။ အင်္ဂလန်ဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဓိကဖလား ရရန် ပစ်မှတ်ထားနေပြီး စနေနေ့မှာ ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ရဲ့ အသင်းဟာ လက်ရှိအချိန်ထိ ယူရိုမှာ ပုံစံကောင်း မပြနိုင်တာကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံနေရပြီး ၁၆ သင်းအဆင့်တုန်းကလည်း ပြိုင်ပွဲကနေ ထွက်ခွာရတော့မလို ဖြစ်ခဲ့ပေမယ့် ဘယ်လင်ဟမ်ရဲ့ နာကျင်အချိန်ပို ချေပဂိုး ဟယ်ရီကိန်းရဲ့ extra time ဂိုးကြောင့်သာ နောက်တဆင့် တက်လာခဲ့တာ ဖြစ်ပါတယ်။

ရှီးယားရားက အင်္ဂလန်အနေနဲ့ အီတလီကို ဖြုတ်ချခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ဒီထက် ပိုမို တိုးတက်ရန် လိုအပ်တယ်လို့ ပြောလိုက်ပြီး အပြောင်းအလဲ ၂ ခုလုပ်ရန် တိုက်တွန်းခဲ့ပါတယ်။
ရှီးယားရားက “ဆောက်ဂိတ် ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာ ကျနော် မြင်နေရပါတယ်။ ဒါပေမယ့် ကျနော်တို့ အသင်းဟာ ဘယ်ခြမ်းမှာ ဒီထက် ပိုမို ဟန်ချက်ညီတာကို ပိုမြင်ချင်ပါတယ်။ ဒါ့ကြောင့် ကျနော်ကတော့ အန်သိုနီဂေါ်ဒွန်ကို အဲဒီဘက်ခြမ်းမှာ ထားကစားမှာပါ။ ဘာလို့လဲဆိုတော့ ဖီးလ်ဖိုဒန်ဟာ အဲနေရာမှာလည်း အလုပ်မဖြစ်လို့ ဖြစ်ပါတယ်။

ထရစ်ပီးယားဟာ ဘယ်နောက်ခံလူ နေရာမှာ ကစားနေရတာကြောင့် အင်္ဂလန်တို့ ဟန်ချက် မညီ ဖြစ်နေတာကို ကျနော် နားလည်ပါတယ်။ သူ့အနေနဲ့ ထပ်ပြီး အပြောင်းအလဲ လုပ်သွားရပါမယ်။ ဘာလို့လဲဆိုတော့ ဂီယီ ကလည်း ပွဲပယ်ခံထားရလို့ပါ။ system အပြောင်းအလဲ လုပ်တာက မှန်ကန်မှု ရှိသလားဆိုတာကတော့ ကျနော်လည်း မသိပါဘူး။ သူ အပြောင်းအလဲ လုပ်ခဲ့မယ်ဆိုရင်တော့ ကျနော် အံ့သြမိမှာပါ။
ဖီးလ်ဖိုဒန် ကတော့ ကံမကောင်းဘူးလို့ ကျနော် ထင်ပါတယ်။ သူ့ကြည့်ရတာ အင်္ဂလန်ရဲ့ system မှာ သက်တောင့်သက်သာ မရှိ ဖြစ်နေပါတယ်။ ဘယ်ခြမ်းက ပုံစံမကျဖြစ်နေပြီး အဲဘက်ခြမ်းကနေ ပြိုင်ဘက်ကို ထိုးဖောက်နိုင်မှု မရှိ ဖြစ်နေပါတယ်။ ဖိုဒန်ဟာ အတွင်းကို ချိုးဝင်ပြီး တစ်စုံတစ်ဦးက overlap လုပ်တာကို လိုချင်တာပါ။ ဘယ်နောက်ခံလူ နေရာမှာ ထရစ်ပီယား ရှိနေတာကြောင့် ဒီလို လုပ်ဖို့ ခက်ခဲနေပါတယ်။ ဒ့ါကြောင့် ဖိုဒန် ကံမကောင်း ဖြစ်နေပါတယ်။

ဒါပေမယ့် ဖိုဒန်က ကစားပုံ မကောင်းဖြစ်နေတာကြောင့် ဆောက်ဂိတ် အနေနဲ့ အပြောင်းအလဲ လုပ်သွားဖို့ ရှိနေပါတယ်။ ညာခြမ်းမှာ ဆိုရင်လည်း ဆာကာထက် စာရင် ဝင်ကစားတိုင်း တစ်ခုခု လုပ်ပြနိုင်တဲ့ ကိုးလ်ပါးမားကို ကစားစေသင့်ပါတယ်။
သူတို့ နိုင်ပွဲတွေ ရယူပြီး ဒီအဆင့်ကို ရောက်လာတာ ကျနော် သိပါတယ်။ ဒါပေမယ့် သူတို့ ကံကောင်းခဲ့လို့ပါ။ အင်္ဂလန်တို့ ပြီးခဲ့တဲ့ အဆင့်မှာ ကံကောင်းခဲ့ပါတယ်။ သူတို့ဟာ ကစားပုံ မကောင်းပေမယ့် ကွာတားဖိုင်နယ်ကို ရောက်နေပါတယ်။ အကောင်းပဲ မြင်ရမှာပါ။ ဘာလို့လဲဆိုတော့ အရာအားလုံး ပိုတော့ ကောင်းလာနိုင်လို့ပါပဲ။” လို့ ဆိုလိုက်ပါတယ်။