
ချန်ချွန်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ချန်ချွန်း ၂၀၂၇ ခုနှစ် ဆောင်းရာသီ တက္ကသိုလ်အားကစားပြိုင်ပွဲအတွက် နိုင်ငံတကာမီဒီယာများ မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း ကမ္ဘာ့တက္ကသိုလ်အားကစားအဖွဲ့ချုပ် (FISU) က ကြေညာခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ သတင်းထောက်များ၊ ဓာတ်ပုံဆရာများနှင့် အကြောင်းအရာဖန်တီးသူများအနေဖြင့် FISU ဝက်ဘ်ဆိုက်ရှိ မှတ်ပုံတင်ရေးပေါ်တယ်မှတစ်ဆင့် လျှောက်ထားနိုင်ပြီး အဆိုပါအားကစားပြိုင်ပွဲကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲသတင်းယူရန် သတင်းထောက် ၁,၀၀၀ ကျော် လာရောက်မည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက မျှော်မှန်းထားသည်။
၃၃ ကြိမ်မြောက် ဆောင်းရာသီ တက္ကသိုလ်အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလျင်ပြည်နယ် ချန်ချွန်းမြို့နှင့် ကျီလျင်မြို့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲတွင် အားကစားနည်း ၁၂ မျိုး၌ ပြိုင်ပွဲအမျိုးအစား ၉၇ ခု ပါဝင်မည်ဖြစ်ပြီး ၎င်းပြိုင်ပွဲများအနက် cross-country နှင်းလျှောစီးပြိုင်ပွဲနှင့် Alpine နှင်းလျှောစီးပြိုင်ပွဲတို့တွင် မသန်စွမ်းအားကစားသမားများအတွက် ပြိုင်ပွဲများလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)


..........................................
(English Version)
International media accreditation opens for Changchun 2027 Winter Universiade
CHANGCHUN, Nov. 26 (Xinhua) -- International media accreditation for the Changchun 2027 Winter Universiade opened Wednesday, the International University Sports Federation (FISU) announced.
Journalists, photographers and content creators from around the world can apply through the accreditation portal on the FISU website. The Games will take place from Jan. 15 to 25, 2027.
The organizing committee expects more than 1,000 journalists to cover the Games.
The 33rd Winter Universiade will be held in Changchun and the city of Jilin, both in northeast China's Jilin Province. It will feature 97 events across 12 sports, including para events in cross-country skiing and alpine skiing. ■
Photo caption 1: Staff members display uniforms and equipment at the 100-day countdown event for the Changchun 2027 Winter Universiade in Changchun, northeast China's Jilin Province, Oct. 7, 2026. (Xinhua/Xu Chang)
Photo caption 2: The medals are unveiled at the 100-day countdown event for the Changchun 2027 Winter Universiade in Changchun, northeast China's Jilin Province, Oct. 7, 2026. (Xinhua/Xu Chang)