Xinhua Myanmar

ဂျေရုဆလမ်မာစတာ အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲတွင် အမေရိကန် ဂရင်းမာစတာ ဝက်စလေဆို အနိုင်ရဗိုလ်စွဲ

ဂျေရုဆလင်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်ချန်ပီယံဆု ၄ ကြိမ်ရရှိထားသည့် ဝက်စလေဆိုသည် နိုဝင်ဘာလ ၂၆ ရက်က ကျင်းပခဲ့သော ဂျေရုဆလမ်မာစတာ အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆားဘီးယားနိုင်ငံသား အလက်ဇီ ဆာရာနာကို အကြိတ်အနယ် အနိုင်ယူပြီး ဗိုလ်စွဲခဲ့သည်။

ဂရင်းမာစတာ ၂ ဦးစလုံးသည် ဗိုလ်လုပွဲ၏ အမြန်ရွှေ့စစ်တုရင် ၂ ပွဲစလုံးတွင် သရေကျခဲ့သည့်အတွက် အဆုံးအဖြတ်အဖြစ် အလွန်မြန်ဆန်သည့် ကစားပွဲ ၂ ပွဲ ထပ်မံကစားခဲ့ကြရပြီး ယင်းပွဲစဉ်များတွင်လည်း တစ်ဦးလျှင် တစ်ပွဲစီ အနိုင်ရရှိခဲ့ကြသည်။

လက်ရှိကမ္ဘာ့စစ်တုရင်လောကတွင် ကမ္ဘာ့အဆင့် ၆ နေရာ၌ ရပ်တည်နေသည့် ဝက်စလေဆိုသည် အဆုံးအဖြတ်ဖြစ်သော ပဉ္စမမြောက်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုနှင့်အတူ ပထမဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၁,၀၀၀ ကို ရရှိခဲ့ကာ ဆာရာနာမှာမူ ဒေါ်လာ ၆၀,၀၀၀ ရရှိခဲ့သည်။

ယမန်နှစ်က ချန်ပီယံဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံသား အာဂျွန် အယ်ရီဂိုင်စီကမူ အမေရိကန်ဂရင်းမာစတာ ဟန်းစ် နီးမန်းကို ၁.၅ - ၀.၅ ဖြင့် အနိုင်ရရှိပြီး တတိယနေရာ ရရှိခဲ့သည်။

အစောပိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဝက်စလေဆိုသည် နီးမန်းကို အဆုံးအဖြတ် ပဉ္စမမြောက်ပွဲစဉ်၌ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဆာရာနာသည် အယ်ရီဂိုင်စီကို ၁ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်ဖြင့် ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ဂရင်းမာစတာ ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………

(English version)

U.S. grandmaster So wins Jerusalem Masters rapid chess tournament

JERUSALEM, Nov. 26 (Xinhua) -- Four-time U.S. champion Wesley So won the Jerusalem Masters rapid chess tournament on Thursday, defeating Serbia's Alexey Sarana in a dramatic final.

The two grandmasters drew both rapid games of the final match, forcing a two-game blitz tiebreak, in which each player scored one victory.

So, currently ranked sixth in the world in classical chess, prevailed in a decisive fifth Armageddon game to secure the title and the first prize of 101,000 U.S. dollars. Sarana received 60,000 dollars.

Last year's champion, India's Arjun Erigaisi, finished third after defeating American grandmaster Hans Niemann 1.5:0.5.

Earlier in the semifinals, So overcame Niemann, also in a deciding fifth game, while Sarana advanced past Erigaisi with a win and a draw.

The tournament featured 12 grandmasters and offered a total prize of 250,000 U.S. dollars. ■

မူရင်းသတင်း — Xinhua Myanmar