
ရဲထက် (NP News) - နိုဝင်ဘာ ၂၇
ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ကို ရောက်ရှိလာချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ အာဆင်နယ်အသင်းကပဲ ဆက်လက်ရပ်တည်နေပြီး ဘရိုက်တန်၊ မန်စီးတီးနဲ့လီဗာပူးလ်အသင်းတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အခက်ခဲဆုံးပွဲစဉ်ဖြစ်သလို အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက် ရင် ဆိုင်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် လီဗာပူးလ်အသင်းကလည်း မားဆေးလ်ဆိုဒ်ဒါဘီပွဲစဉ်ကို ကစားရဖို့ရှိနေ တာကြောင့် ဒီတစ်ပတ်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေက စိတ်ဝင်စားစရာကောင်းတဲ့ပွဲကောင်းတွေနဲ့ ပြည့် နှက်နေပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ရဲ့ အကောင်းဆုံးသော ပွဲစဉ်တွေ ကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။
အာဆင်နယ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၃ - ဝ မန်စီးတီး (၁၆ - ၈ -၂၀၂၆)
မန်စီးတီး ၂ - ၁ အာဆင်နယ် (၁၉ - ၄ -၂၀၂၅)
အာဆင်နယ် ၁ - ၁ မန်စီးတီး (၂၁ - ၉ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၂ မန်စီးတီး
အာဆင်နယ် ၁ - ၁ မန်စီးတီး
အာဆင်နယ်အသင်းအကြောင်းပြောရင် မဖြစ်မနေချီးကျူးရမှာကတော့ နည်းပြ အာတီတာကို ညွှန်းဆိုရမှာဖြစ်ပြီး အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လက်ရှိ ပရီးမီးယားလိဂ်မှာပါ အကောင်း ဆုံးထိန်းကျောင်းပြီး ချန်ပီယံဆုကိုစိန်ခေါ်နေတဲ့နည်းပြဖြစ်ပါတယ်။ ပြောရရင် အာဆင်နယ်အသင်းကို အနိုင်ကစားဖို့ဆိုတာဟာ အရမ်းကိုခက်ခဲတဲ့အနေအထားတစ်ခုမျိုးကိုရောက်အောင် ခံစစ်စုဖွဲ့မှုအား ကောင်းအောင်ကစားတတ်သလို ပြိုင်ဘက်အသင်းကို ဂိုးအများကြီးမပေးရဖို့လည်းကြိုတင် ပြင်ဆင်လာ တတ်တဲ့အသင်းမျိုးဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ပွဲတစ်ပွဲရဖို့ဆိုရင် ဘယ်လိုအသင်းမျိုးကိုပဲဖြစ်ဖြစ် တစ်ဂိုး တည်း ရတယ်ဆိုရင်တောင် အဲဒီရလဒ်ကိုထိန်းပြီး ပွဲပြီးသည်အထိ နိုင်ပွဲရတတ်တဲ့ပွဲစဉ်ပေါင်းကလည်း အများကြီးရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေအနေနဲ့ကတော့ အာဆင်နယ်အသင်းရဲ့ တိုက် စစ်ပိုင်းက ဂိုးရဖို့ခက်ခဲနေတတ်သလို အထောင်တိုက်စစ်မှူးစစ်စစ် တစ်ယောက်ကို မဖြစ်မနေ လိုအပ် နေတာကိုတွေ့ရပါတယ်။ ဒီအချက်က ဘယ်လိုအခြေအနေမှာ သိသာလာမလဲဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲ ကြီးမှာ အာဆင်နယ်အသင်းထက်ပိုကောင်းတဲ့ ဘာစီလိုနာ၊ PSG နဲ့ ရီးရဲလ်အသင်းတို့နဲ့သာရင်ဆိုင်ရရင် အာဆင်နယ်အသင်းရဲ့တိုက်စစ်စုဖွဲ့မှုနဲ့ နိုင်ပွဲရဖို့မလွယ်ကူနိုင်ပါဘူး။ ဒါကြောင့် အာဆင်နယ်အသင်းအ တွက် ဒီရာသီမှာ ချန်ပီယံဆုတွေကိုမျှော်လင့်ချင်တယ်ဆိုရင် တိုက်စစ်မှူးတစ်ယောက်ကို မဖြစ်မနေခေါ် ယူမှသာ အဆင်ပြေနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီမှာ တာထွက်ကောင်းခဲ့တဲ့အသင်းဖြစ် သလို ပရီးမီးယား လိဂ်ဆုဖလားကို ဒီရာသီမှာ ပြန်လည်ရယူဖို့ အလားအလာကောင်းတွေကို ပြသနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၈)နောက်ပိုင်းမှာ ရလဒ်ပိုင်းတွေ မကောင်းတော့သလို နိုင်ပွဲတွေ ဆက်တိုက်ပျောက်ဆုံးမှုနဲ့ ခြေစွမ်းပိုင်းကလည်း ကျဆင်းသွားတာကိုမြင်တွေ့ရပါတယ်။ မန်စီးတီး အသင်းရဲ့အဓိကပြဿနာက နည်းပြ အန်ဇိုမာရက်စကာအနေနဲ့ မန်စီးတီးလိုအ သင်းကြီးကိုကိုင်တွယ်ဖို့ အတွက် ရေရှည်မှာ လွယ်ကူနိုင်ပါ့မလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မန်စီးတီး ပရိ သတ်တွေက နည်းပြ မာရက်စကာအပေါ်မှာ တစ်ချိန်က မန်စီးတီးအသင်းမှာ အောင်မြင်မှုတွေကို ရယူ ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ဂွာဒီယိုလာဆိုတဲ့ပေတံနဲ့ပဲတိုင်းတာတဲ့အနေအထားမျိုးတွေကြောင့် ဖြစ်ပါ တယ်။ ဒီအချက်ကို မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်ရှုံးခဲ့တဲ့နောက်ပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဂွာဒီယိုလာလို အဆင့်အတန်းတစ်ခုမှာရှိနေတဲ့ နည်းပြမျိုးကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ကစားသမားတွေအနေနဲ့လည်း နည်းပြ မာရက်စကာကို လေးစားမှု၊ ယုံကြည်မှုပေးနိုင်ပါ တော့မလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီအချက်ကပဲ မန်စီးတီးအသင်းရဲ့ ရလဒ်ပိုင်းနဲ့ခြေစွမ်းပိုင်းတွေ ကို အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ချန်ပီယံဆုတွေအတွက် အဲဒီယုံကြည်မှုက အဓိကအသက်သွေးကြော ဖြစ်လာဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဒီရာသီ ကွန်မြူနတီ ဗိုလ် လုပွဲမှာ အာဆင်နယ်အသင်းက (၃)ဂိုးပြတ်နဲ့နိုင်ပွဲရထားသလို ပရီးမီးယားလိဂ်နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု(၅)ပွဲမှာလည်း အာဆင်နယ်အသင်းက နိုင်ပွဲပိုရထားသလို အသားစီးလည်း ရယူထားနိုင်ခဲ့တာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ရလဒ်ပိုင်းက အိမ်ကွင်းဖြစ်တဲ့အာဆင်နယ်အသင်းက အားသာ ချက် ရှိတာမှန်ပေမယ့် တိုက်စစ်ပိုင်းအားနည်းမှုတွေကြောင့် သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတွေလည်း နည်းဖို့ရှိပါတယ်။
အဲဗာတန် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အဲဗာတန် ၁ - ၂ လီဗာပူးလ် (၁၉ -၄ -၂၀၂၆)
လီဗာပူးလ် ၂ - ၁ အဲဗာတန် (၂၀ -၉ -၂၀၂၅)
လီဗာပူးလ် ၁ - ဝ အဲဗာတန် (၃ - ၄ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အဲဗာတန် ၂ - ၃ လီဗာပူးလ်
အဲဗာတန် ၂ - ၂ လီဗာပူးလ်
ဒီနှစ်သင်းရဲ့ပွဲစဉ်က သာမန်ဒါဘီပွဲတစ်ပွဲ ထက်ပိုတဲ့စိတ်ခံစားမှုတွေကိုပေးစွမ်းနိုင်မယ့် ပွဲကောင်း တစ်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဒါဘီထဲက ပွဲတစ်ပွဲဖြစ်တဲ့ မာဆေးဆိုဒ် ဒါဘီ ပွဲ ကောင်းတစ်ပွဲဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက မာဆေးဆိုဒ်ဒါဘီဆိုတာထက် လာမယ့် ရာသီမှာ ဥရောပဝင်ခွင့်တစ်နေရာအတွက် မဖြစ်မနေတိုက်ပွဲဝင်သွားမယ့်အခြေအနေမှာရှိနေ ပါတယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့ရာသီတွေမှာ အဲဗာတန်အသင်းက လီဗာပူးလ်အသင်းထက် ရလဒ်ပိုင်းတွေ ဆိုးရွားခဲ့သလို တန်းဆင်းဇုန်ထဲကနေရုန်းထွက်ဖို့အတွက်ကြိုးစားနေရတဲ့အခြေအနေတွေကြောင့် အဲဒီ ကာလတွေမှာ ပရိသတ်တွေအနေနဲ့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းကြားက ပြင်းထန်တဲ့ ဒါဘီ ပွဲစဉ်တွေက မှေးမှိန်သွားခဲ့သလိုမျိုး ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အဲဗာတန်အသင်းရဲ့ ကစားသမားစုဖွဲ့မှုနဲ့ခြေစွမ်းပိုင်းက လီဗာပူးလ်အသင်းကိုရင်ဆိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေ သလို လီဗာပူးလ်အသင်းအနေနဲ့ကလည်း နည်းပြသစ်နဲ့ခြေစွမ်းပြနိုင်ဖို့ အနည်းငယ်ရုန်းကန် နေရတဲ့ အခြေအနေမှာ ဒီနှစ်သင်းကြားကကွာဟမှုက မရှိသလောက်ဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဥရောပဝင်ခွင့်တစ်နေရာကိုရယူထားနိုင်ဖို့အတွက်လည်း အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ဒီရာသီမှာ မာဆေးဆိုဒ်ဒါဘီရဲ့ခံစားချက် အစစ်အမှန်နဲ့ အပြင်းထန်ဆုံးသော ဒါဘီပွဲတစ်ပွဲကိုစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံ မှုတွေအရကြည့်ရင်တော့ ပြီးခဲ့တဲ့(၃)နှစ်ကျော်အတွင်းမှာ အဲဗာတန်အသင်းက လီဗာပူးလ်အသင်းကို တစ်ကြိမ်တစ်ခါမှ နိုင်ပွဲမရခဲ့တာကို မြင်တွေ့ရမှာဖြစ်ပြီး အမြင့်ဆုံးခြေစွမ်းက သရေရလဒ်ပဲဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်မှာ အဲဗာတန်အသင်းက လီဗာပူးလ်အသင်းကို တစ်ခုခုလုပ်ပြနိုင်တဲ့ ခြေစွမ်းမျိုးတွေရှိနေတဲ့ အပြင် အဲဗာတန်အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရ မှာဖြစ်ပြီး သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းကနိုင်မယ်ဆိုရင်တောင် ခက်ခက်ခဲခဲ ကစားရနိုင်ပြီး (၁)ဂိုးလောက်အကွာနဲ့သာ ကပ်နိုင်ပါမယ်။
နော်တင်ဖောရက်စ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၁ - ၃ ဖောရက်စ် (၄ - ၅ -၂၀၂၆)
ဖောရက်စ် ဝ - ၃ ချဲလ်ဆီး (၁၈ - ၁၀ -၂၀၂၅)
ဖောရက်စ် ဝ - ၁ ချဲလ်ဆီး (၂၅ - ၅ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ၁ နော်တင်ဖောရက်စ်
ချဲလ်ဆီး ၃ - ၂ နော်တင်ဖောရက်စ်
ချဲလ်ဆီးအသင်းက ဒီရာသီမှာ နည်းပြဇာဗီ အလွန်ဆိုနဲ့အတူ အမြင့်ပျံဖို့ရှိနေတဲ့ တိုက်စစ်အစုအ ဖွဲ့ကိုပိုင်ဆိုင်ထားပေမယ့်လည်း ထင်သလောက်အလုပ်မဖြစ်တဲ့ရာသီတစ်ခုကိုသာ သာမန်ခြေစွမ်းနဲ့ဖြတ် သန်းနေတယ်လို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ချဲလ်ဆီးအသင်းရဲ့ခံစစ်စုဖွဲ့မှုက ပြိုင်ဘက်အသင်း တွေကို လွယ်လွယ်ကူကူနဲ့ သွင်းဂိုးတွေ ခွင့်ပြုနေရသလို တိုက်စစ်ပိုင်းက စွမ်းဆောင်ရည်ပိုင်းကလည်း ကျဆင်းသွားခဲ့တာကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်အစုအဖွဲ့တစ်ခုဖြစ်တဲ့ ကိုးလ်ပါးမား၊ မော် ဂန်ရော်ဂျာနဲ့ ဂျာအိုပတ်ထရိုတို့ထဲက တစ်ဦးမပါဝင်နိုင်ခဲ့ရင် ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းက အသက် မဲ့ သွားခဲ့သလို သွင်းဂိုးတွေရဖို့လည်း ခက်ခဲတာကိုမြင်တွေ့ရပါတယ်။ ဒီအချက်က ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂျာအိုပတ်ထရိုမပါဝင်နိုင်တဲ့ ချဲလ်ဆီးအသင်းရဲ့ရလဒ်ပိုင်းတွေကသက်သေဖြစ်ပြီး ကိုးလ်ပါးမားအနေနဲ့ လည်း ပြီးခဲ့တဲ့နှစ်တွေကပြသခဲ့တဲ့ခြေစွမ်းပိုင်းကို ပြန်ရဖို့ လိုအပ်ချက်တွေရှိနေသလို မော်ဂန်ရော်ဂျာ က လည်း သာမန်ခြေစွမ်းထက် အနည်းငယ်သာ ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးသာရှိခဲ့တာကြောင့် ချဲလ် ဆီးအသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်က အများကြီးမျှော်လင့်လို့မရသေးတာဖြစ်ပါတယ်။ အရေးကြီးဆုံး အချက်ကတော့ ကစားသမားတွေရဲ့ နိုင်ပွဲရလိုစိတ်ဖြစ်ပြီး တစ်ပွဲထက်ကျဆင်းလာတဲ့ ခြေစွမ်းပိုင်းနဲ့ စိတ် ဓာတ်ခံယူချက်တွေကလည်း ရာသီအစပိုင်းက လောက် ကောင်းမွန်မှုမရှိတော့တာဖြစ်ပါတယ်။ နော် တင်ဖောရက်စ်အသင်းကတော့ ဒီရာသီမှာ တန်းဆင်း ဇုန်ထဲကိုမရောက်ဖို့ ရုန်းကန်ရမယ်ဆိုပေမယ့် လည်း ကစားပုံတိုးတက်လာတဲ့အပြင် ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ လီယန်ဒီလက် ရဲ့ခြေစွမ်းပြမှုတွေကြောင့် နော်တင်ဖောရက်စ်အသင်း နိုင်ပွဲတွေပြန်ရနေတာကိုတွေ့ရပါတယ်။ ထိပ် တိုက်တွေ့ ဆုံမှုတွေမှာတော့ ချဲလ်ဆီးအသင်းက အနည်းငယ် အသာစီးရယူနိုင်သလို နိုင်ပွဲတွေလည်း ပိုရထားတာ ကြောင့် ဒီပွဲစဉ်က နော်တင်ဖောရက်စ်အသင်းရဲ့အိမ်ကွင်းဖြစ်ပေမယ့်လည်း ချဲလ်ဆီး အ သင်းက ခြေစွမ်းပိုင်းလူစာရင်းအင်အားတောင့်တင်းမှုတွေကြောင့် အနည်းဆုံး(၁)ဂိုးလောက် အကွာနဲ့ ချဲလ်ဆီးအသင်းက နိုင်ပွဲရဖို့များပါတယ်။ အပြန်အလှန်သွင်းဂိုးကတော့ မြင်တွေ့ရဖို့များနိုင်ပါတယ်။
မန်ယူ Vs ဘရန်းဖို့ဒ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၂ - ၁ ဘရန်းဖို့ဒ် (၂၈ - ၄ -၂၀၂၆)
ဘရန်းဖို့ဒ် ၃ - ၁ မန်ယူ (၂၇ - ၉ -၂၀၂၅)
ဘရန်းဖို့ဒ် ၄ - ၃ မန်ယူ (၄ - ၅ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ၁ ဘရန်းဖို့ဒ်
မန်ယူ ၃ - ၁ ဘရန်းဖို့ဒ်
မန်ယူအသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်ပိုင်းကိုကြည့်ရင် ပိုချက်တီနိုအနေနဲ့ ရေတိုရေရှည်ကစား ကွက်တစ်ခုနဲ့အသင်းကို ထိန်းကျောင်းသွားရမှာဖြစ်ပြီး ကစားသမားအပြောင်းအလဲတွေကို အများအ ပြားလုပ်ဆောင်သွားရဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မန်ယူအသင်းရဲ့ကစားသမားအများစုဟာ ကစားပုံအရရော စိတ်ဓာတ်ခံယူချက်အပိုင်းမှာပါ ပြင်ဆင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့လိုအပ်နေပြီး လာမယ့်အပြောင်းအရွှေ့ကာလတွေမှာလည်း ကစားသမားခေါ်ယူမှုတွေကို လုပ်ဆောင်သွားရဖို့ရှိနေပါ တယ်။ အဓိက ပြင်ဆင်ရမယ့်အပိုင်းကတော့ နည်းပြ ပိုချက်တီနိုအနေနဲ့ ကစားသမားတွေကို တင်းတင်း ကြပ်ကြပ်ကိုင်တွယ်ဖို့လိုအပ်နေပြီး မဖြစ်မနေဖြေရှင်းရမယ့်ပြဿနာကလည်း ကစားသမားအချင်းချင်း ကြားက နားလည်မှု၊ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ရမှာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း မန်ယူကစားသမားတွေဖြစ်တဲ့ တိုင်လီမန်နဲ့မားတီးနက်ဇ်တို့ကြားက ပြဿနာကိုဖြေရှင်းသွားရဖို့ရှိနေ သလို အသင်းရဲ့ကစားသမားအများစုကိုလည်း ရောင်းထုတ်မှုတွေပြန်လည်အစားထို့မှုတွေကို အလျင် အမြန်လုပ်ဆောင်ရဖို့ရှိနေပါတယ်။ ဒါမှသာ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေနဲ့ ပရီးမီးယားလိဂ် အမှတ် ပေးဇယားမှာ အကောင်းဆုံးရလဒ်တွေကို ပြန်လည်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘရန်းဖို့ဒ်အသင်းကလည်း ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးအဆင့်(၁၀)ကို ဝင်ရောက်နေတဲ့ အသင်းဖြစ်တာ ကြောင့် မန်ယူအသင်းအနေနဲ့ အမှားခံလို့မရတော့တဲ့အနေအထားမှာ အကောင်းဆုံးကြိုတင် ပြင်ဆင်မှု တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ မန်ယူအသင်းက ဘရန်းဖို့ဒ် အသင်းနဲ့ ရင် ဆိုင်ရတိုင်း နိုင်ပွဲရဖို့ရုန်းကန်ရတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းရဲ့ အိမ်ကွင်းဖြစ်ပေမယ့်လည်း ခက် ခက်ခဲခဲကစားပြီးမှ (၁)ဂိုးလောက် အသာနဲ့ မန်ယူအသင်းက နိုင်ပွဲရပါမယ်။ ဂိုးတော့ မပြတ်ပါဘူး။
၂၈ - ၁၁ - ၂၀၂၆ (စနေနေ့ )
နံနက် (၂ : ၃၀) နော်တင်ဖောရက်စ် Vs ချဲလ်ဆီး
ည (၉ : ၃၀) မန်ယူ vs ဘရန်းဖို့ဒ်
၂၉ - ၁၁ - ၂၀၂၆ (တနင်္ဂနွေနေ့ )
ည (၆ : ၃၀) အဲဗာတန် Vs လီဗာပူးလ်
ည (၁၁ : ဝဝ) အာဆင်နယ် Vs မန်စီးတီး