Sports Myanmar

စပိန် Vs ဂျာမနီ ယူရို ကွာတားဖိုင်နယ် ပွဲအပေါ် ဆပ်တန် ရဲ့ ပွဲကြို သုံးသပ်ချက်

 

စပိန် Vs ဂျာမနီ ( ဇူလိုင်လ ၅ ၊ သောကြာနေ့ ၊ မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲ )

” စပိန် က ဒီ ပြိုင်ပွဲမှာ အကောင်းဆုံး အသင်းပါ ။ ဆွစ်ဇာလန် အသင်း နဲ့ အုပ်စု နောက်ဆုံးပွဲမှာ ဖူးခရပ် ရဲ့ နာကျင် အချိန်ပို သွင်းဂိုး နဲ့ သရေ ရတော့ ဂျာမနီ အသင်းသားတွေ ပျော်ရွှင် မြူးထူး ခဲ့ကြပါတယ် ။ ဒါပေမဲ့ အခုတော့ အဲ့ပွဲ သရေ ကျခဲ့တဲ့ အပေါ် သူတို့ နောင်တရနေလောက်ပါပြီ ၊ စပိန် နဲ့ အစား အင်္ဂလန် နဲ့ပဲ ကစားလိုက်ချင်တယ်လို့ တွေးကောင်းတွေး နေနိုင်ပါတယ် ။ ”

” ဂျာမနီ က ဒီပြိုင်ပွဲရဲ့ အိမ်ရှင် အသင်း ဆိုတာထက် ပိုပါတယ် ။ ရူဒီဂါ ကလည်း ဒီပြိုင်ပွဲ ရဲ့ အကောင်းဆုံး ဗဟို နောက်ခံလူပါပဲ ။ ဂျာမနီ က ဟန်ချည်ညီတဲ့ အသင်း ဖြစ်ပေမယ့် စပိန် က ကောင်းလွန်း နေပါတယ် ၊ စပိန်မှာ ဘယ်နေရာ ကြည့်ကြည့် အရည်အသွေးမြင့် ကစားသမားတွေပါပဲ ။ ”

” ကွင်းလယ်မှာ ရိုဒရီ နှင့် ဖေဘီယန်ရုဇ်တို့က လွှမ်းမိုး ကစား နိုင်သလို သူတို့နှစ်ဦး ရဲ့ ရှေ့မှာ ပါးနပ် ထက်မြက်တဲ့ ပီဒရီ ရှိနေပါတယ် ။ တောင်ပံ မှာလည်း ယာမဲလ် လို စိတ်လှုပ်ရှား စရာကောင်းတဲ့ ကစားသမား နှင့် တစ်ဦးချင်းမှာဆို ရပ်တန့်တားဆီးဖို့ ခက်ခဲတဲ့ နီကို ဝီလီယံ တို့ ရှိနေကြပါတယ် ။ ”

” ဒါကြောင့် စပိန် အသင်းကို ရပ်တန့်ဖို့ ဆိုတာက ခက်ခဲမှာပါ ၊ ယူရိုမှာ သူတို့ကို ဝေဖန် စရာဆိုလို့ အဆုံးသတ် စွမ်းရည် က သိပ်ပြီး ညာတာမှု မကင်းမဲ့ နေတာပဲ ရှိပါတယ် ။ ဒါပေမဲ့ စွမ်းဆောင်ရည် ပိုင်း အရဆို စပိန် က တခြား အသင်းတွေ အားလုံးထက် ခေါင်းတစ်လုံး ပိုမြင့် ပိုသာပါတယ်။ ”

” ဂျာမနီက အိမ်ရှင် အားသာချက် ရှိပြီး ကစားပုံ ကောင်းတယ် ဆိုပေမယ့် စပိန် ကို ကျော်ဖြတ်ဖို့ ဆိုတာက ခက်ခဲမှာပါ ။ ”

ဆပ်တန် ရဲ့ခန့်မှန်းချက် – စပိန် ၂-၁ ဂျာမနီ

SM

မူရင်းသတင်း — Sports Myanmar