Sports Myanmar

အင်္ဂလန် Vs ဆွစ်ဇာလန် ယူရို ကွာတားဖိုင်နယ် ပွဲအပေါ် ဆပ်တန် ရဲ့ ပွဲကြို သုံးသပ်ချက်

 

အင်္ဂလန် Vs ဆွစ်ဇာလန် ( ဇူလိုင်လ ၆ ၊ စနေနေ့ ၊ မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲ )

” ဆွစ်ဇာလန် က ဟန်ချက်ညီတဲ့ နောက်ထပ် အသင်း တစ်သင်းပါ ။ သူတို့ အသင်းရဲ့ ကစားပုံ အပေါ် သူတို့ ယုံကြည်မှု ရှိသလို တစ်ပွဲပြီး တစ်ပွဲ ပို သန်မာ ကောင်းမွန် လာပါတယ် ၊ ဒါကို အီတလီ နဲ့ ၁၆ သင်း ရှုံးထွက် အဆင့်ပွဲမှာ မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ၁၆ သင်း အဆင့်မှာ လက်ရှိ ချန်ပီယံ အီတလီ အသင်း တစ်ခုခု လုပ်ပြ နိုင်မယ်လို့ ထင်ခဲ့ပေမယ့် သူတို့ ကောင်းကောင်း မကစား နိုင်ခဲ့ပါဘူး ၊ ဒါကြောင့်လည်း ဆွစ် က လွှမ်းမိုး ကစားသွားခဲ့တာပါ ။ အဲ့ဒီပွဲက ခုကစားမယ့်ပွဲ နဲ့ ဆင်တူ နေတာတွေ အများကြီး ရှိပါတယ် ၊ ဒါပေမဲ့ အင်္ဂလန် က အီတလီလို ထိန်းချုပ် ကစားခံလိမ့်မယ်လို့ မထင်ပါဘူး ။ ”

” ကျနော် ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်းကို မျက်စိ စုံမှိတ် ထောက်ခံတာတော့ မဟုတ်ပေမယ့် ဆလိုဗက်ကီးယား ကို အနိုင်ရဖို့ ထိုက်တန် ခဲ့ပါတယ် ။ ဘယ်လင်ဂမ် ဂိုးသွင်းသွားတဲ့ အခိုက်အတန့်က အင်္ဂလန် ရဲ့ ဒီပြိုင်ပွဲ အဟုန်ကို ပြောင်းလဲကောင်း ပြောင်းလဲ သွားစေမှာပါ ။ အင်္ဂလန် အသင်း အခုထက် ပိုကောင်းဖို့ လိုအပ်နေသေးတဲ့ နေရာတွေ အများကြီး ရှိပါတယ် ။ ”

” ဘယ်ခြမ်း မှာ ဟန်ချက်မညီ ဖြစ်နေတာကို ကျနော် တကယ် သဘောမကျဘူး ။ လုခ်ရှောက အသင်း အတွက် တစ်မိနစ်မှ မကစားနိုင်သေးတာက ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက် အမှားပါပဲ ။ အခု အချိန်မှာ အဲ့ဒီအကြောင်း အာရုံစိုက် မပြောချင်သေးပါဘူး ၊ အင်္ဂလန် အတွက် နောက်တစ်ဆင့် တက်ဖို့ အရေးကြီးပါတယ် ၊တက်လည်း တက်နိုင်မှာပါ ။ ”

” ဖန်တီးမှု အားကောင်းတဲ့ ပါးလ်မား ကို ညာခြမ်းမှာ မြင်ချင်ပေမယ့် ဒါက ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အတော်လေး ထင်ရှားပါတယ် ။ နောက်တန်းမှာ ဂူဟီ ပွဲပယ် ခံထားရတော့ ကွန်ဆာ ကို မြင်ရဖို့ ရှိပါတယ် ၊ အင်္ဂလန် က ဒီပွဲမှာ အရင်ပွဲတွေကနဲ့ မတူခြားနားအောင် အများကြီး စွမ်းဆောင် ပြနိုင်မယ်လို့ ‌မမျှော်လင့် ထားပါဘူး ။ ”

” အင်္ဂလန် က တစ်စိတ်တစ်ပိုင်းစီ ဖြစ်နေတဲ့ အသင်းပါ ၊စပိန် ကစားသလို နေ့ချင်းညချင်းကြီး ကစားပုံကောင်းလာမှာ မဟုတ်ပါဘူး ။ဒါပေမဲ့ အရည်အသွေးမြင့် ကစားသမားတွေ အများအပြား ရှိနေတော့ ဆွစ် ကို ကျော်ဖြတ် နိုင်မှာပါ ။ ”

ဆပ်တန် ရဲ့ခန့်မှန်းချက် – အင်္ဂလန် ၁-၀ ဆွစ်ဇာလန်

SM

မူရင်းသတင်း — Sports Myanmar