
လိုကွန်ဂါ ဟာ စပိန် လာလီဂါ ကလပ် ဆီဗီးလား အသင်းကို တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဆီဗီးလား အသင်းဟာ လိုကွန်ဂါ ရဲ့ လစာကို အပြည့်အဝ ပေးချေ သွားမှာ ဖြစ်ပြီး အငှား စာချုပ် ပြည့်ပါက ယူရို ၁၂ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်း ထားတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ လိုကွန်ဂါ ရဲ့ အပြောင်းအရွှေ့မှာ sell on clause 25% ထည့်သွင်း ထားပါတယ် ။

အာဆင်နယ် အသင်းဟာ အိုင်းယက်စ် အသင်း ရဲ့ အသက် ၁၈ နှစ် အရွယ် Tommy Setford အတွက် ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့ ရိုမာနို က ရေးသား ဖော်ပြ လိုက်ပါတယ် ။ အသင်း နှစ်သင်းကြား ဆွေးနွေးမှု ပြုလုပ် နေဆဲ ဖြစ်ပြီး Setford ကတော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေပါတယ် ၊ Setford ဟာ အိုင်းယက်စ် အသင်း နဲ့ ၂၀၂၅ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ကာလာဖီအိုရီ အတွက် ဘိုလောဂ့်နာ အသင်းထံ အပိုဆုကြေး အပါအဝင် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ် ။ ဒါပေမဲ့ ဘိုလောဂ့်နာ အသင်းဘက်က အပိုဆုကြေး ၊ sell on clause အပါဝင် ပေါင် သန်း ၅၀ အလိုရှိနေတာကြောင့် ကလပ် နှစ်သင်းကြား ဆွေးနွေး ညှိနှိုင်း နေဆဲ ဖြစ်ပါတယ် ။ဘိုလောဂ့်နာ အသင်းဟာ ပြောင်းရွှေ့ကြေး ရဲ့ ၅၀ ရာခိုင်နှုန်းကို ကာလာဖီအိုရီ ရဲ့ အသင်းဟောင်း ဘေဆယ် အသင်းထံ ပေးရမှာ ဖြစ်တာကြောင့် ပေါင် သန်း ၅၀ အလိုရှိနေတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ခံလူ နူနို တာဗာရက်ဇ် ကို လာဇီယို အသင်းထံ ပေါင် ၇.၅ သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့ အငှားချ လိုက်ပြီ ဖြစ်ပါတယ် ။
အာဆင်နယ် အသင်းဟာ အန်ကီးတီးယား အတွက် ပေါင် သန်း ၂၀ နဲ့ မာဆေးလ် အသင်း ရဲ့ ကမ်းလှမ်းမှုကို ပယ်ချ သွားမှာ ဖြစ်တယ်လို့ TEAMtalk က ဆိုလိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ အန်ကီးတီးယား အတွက် ပေါင် သန်း ၄၀ ဈေးသတ်မှတ်ထားတာ ဖြစ်ပါတယ် ။
SM