
Mail Sport ရဲ့ ဖော်ပြချက် အရ ဖူလ်ဟမ် အသင်းဟာ စမစ်ရို အတွက် ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပြီး အာဆင်နယ် အသင်းဘက်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သိရပါတယ် ။ ဖူလ်ဟမ် အသင်းဟာ ဒုတိယ အကြိမ် ကမ်းလှမ်းမှု လုပ်ဖို့ ထပ်မံ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

အာဆင်နယ် အသင်း ကွင်းလယ်လူ လိုကွန်ဂါ ဟာ ဆီဗီလား အသင်းကို တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ် ။ဆီဗီးလား အသင်းဟာ လိုကွန်ဂါ ရဲ့ လစာကို အပြည့်အဝ ပေးချေ သွားမှာ ဖြစ်ပြီး အငှား စာချုပ် ပြည့်ပါက ယူရို ၁၂ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်း ထားတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ လိုကွန်ဂါ ရဲ့ အပြောင်းအရွှေ့မှာ sell on clause 25% ထည့်သွင်း ထားပါတယ် ။

အာဆင်နယ် အသင်း နောက်ခံလူ နူနိုတာဗာရက်ဇ် ဟာ လာဇီယို အသင်းထံ ယူရို ၉ သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ် နဲ့ တရားဝင် ပြောင်းရွှေ့ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဆိုစီဒက် အသင်း ရဲ့ ကွင်းလယ်လူ မီရင်နို ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ဆိုစီဒက် ဘက်ကတော့ အသက် ၂၈ နှစ် အရွယ် စပိန် လက်ရွေးစင် အတွက် ယူရို သန်း ၃၀ အလို ရှိနေပါတယ် ။

လာမယ့်ရာသီ အတွက် တိုက်စစ် အင်အား ဖြည့်တင်းချင်နေတဲ့ မာဆေးလ် အသင်းဟာ အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူး အန်ကီးတီးယား နှင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား ဂရင်းဝုဒ် တို့ကို တွဲဖက် ကစားဖို့ စီစဉ်ထားတယ်လို့ Daily Mail က ရေးသား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပြီး အသင်း နဲ့ အတူ အော်ဒီဂတ် ၊ တိုမီယာစု ၊ ပါတေး ၊ စမစ်ရို ၊ ဂျေးဇု ၊ နယ်လ်ဆင် ၊ တင်ဘာ ၊ ဗီအဲရာ ၊ ဘန်ဝှိုက် အစရှိတဲ့ ကစားသမားတွေ အသင်း နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နေကြပြီ ဖြစ်ပါတယ် ။

SM